ဒုတိယဝန်ကြီး ဦးဝင်းရှိန် လူငယ်များအလုပ်အကိုင်တိုးတက်ရရှိစေရေး ဟိုတယ်လုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး၍ စက်ရုံများကွင်းဆင်းစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 06, 2025
image_latest


ရန်ကုန်  နိုဝင်ဘာ ၅

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ကမာရွတ်မြို့နယ်ရှိ  National  Management Academy တွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ  အသက်မွေးပညာသင်တန်းများ  ဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုအားပေးသည်။

ဦးစွာ သင်တန်းကျောင်းတာဝန်ခံက National Management Academy မှ အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့်  ဒီပလိုမာသင်တန်းများအဖြစ် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်မတ်လမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ သင်တန်းသား ၁၅၉ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး  သင်တန်းပြီးဆုံးသူများအား ပြည်တွင်း/ပြည်ပရှိ ဟိုတယ်များ၊ လုပ်ငန်းရှင်များ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် လူငယ်လူရွယ်များအလုပ်အကိုင်တိုးတက်ရရှိရေးနှင့် မြန်မာလုပ်သားထု၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက်  အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ပို့ချပေးခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းများအား ကျွမ်းကျင်မှုသင်တန်းကျောင်းအဖြစ်အသိအမှတ်ပြုပေး၍ ကြီးကြပ်လမ်းညွှန်ခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကျင်းပ၍ အလုပ်အကိုင်ရရှိမှုမြှင့်တင်ဆောင်ရွက်ခြင်း၊ သင်တန်းကျောင်းအနေဖြင့် သင်တန်းဆင်းများ၏ အလုပ်အကိုင်တိုးတက်ရရှိစေရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာရှိသော၊ စိတ်ဓာတ်ကောင်းမွန်၍ စည်းကမ်းလိုက်နာသော၊ စွမ်းဆောင်ရည်ပြည့်ဝသော ပညာတတ်လူငယ်များဖြစ်လာစေရေး အလေးထား  သင်ကြားပို့ချဆောင်ရွက်ရန်မှာကြားကာ သင်တန်းဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်ရှိ EO အထည်ချုပ်စက်ရုံ၊ New Green Land အထည်ချုပ်စက်ရုံနှင့် Myanmar C.P Livestock Co., Ltd. အစာစပ်စက်ရုံတို့ကို သွားရောက်၍ စက်ရုံရှိတာဝန်ခံများ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံများနှင့်တွေ့ဆုံ၍ လုပ်ငန်းခွင်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။                      

သတင်းစဉ်

သတင်းစာများ - ၃၃၄၀ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download