ဒုတိယဝန်ကြီး ဦးသိုက်စိုး တပ်ကုန်းမြို့နယ် အုန်းပင်-တောင်ပို့သာ ရေနိမ့်တံတား ပေ ၃၀၀ ဖွင့်ပွဲ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 11, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၀

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ် အုန်းပင်-တောင်ပို့သာ ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ရေနိမ့်တံတား ပေ ၃၀၀ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတံတား တည်နေရာ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးလုပ်ငန်းများသည် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံ နေခြင်းကြောင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေးသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ကျေးလက်လမ်းတံတား စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၈၈၉ ရွာရှိပြီး ဦးစီးဌာနက ကျေးလက်လမ်းအရှည် မိုင်ပေါင်း ၄၃၉၇၇ မိုင်ကို တာဝန်ယူတည်ဆောက်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်ခွင့်ပြု ရန်ပုံငွေများဖြင့် လမ်းမိုင်ပေါင်း ၄၂၃ မိုင်၊ တံတား အစင်းရေ ၂၆၂ စင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုတံတားကို တည်ဆောက်ပေးခဲ့ခြင်းဖြင့် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းကိုးရွာမှ အိမ်ခြေ ၂၁၉၄ အိမ်၊ လူဦးရေ ၈၇၅၅ ဦး၊ စိုက်ပျိုး မြေဧက ၈၂၀၀ ကို အကျိုးပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် ကျေးရွာသူကျေးရွာသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများလည်း အကျိုးဖြစ်ထွန်းမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စံချိန်စံညွှန်းနှင့်အညီ အဆင့်မြှင့်တင်တည်ဆောက်ခဲ့သော ကျေးလက်လမ်းတံတားများ ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် ဒေသခံပြည်သူများက စနစ်တကျအသုံးပြုပြီး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်၊ ယာဉ်များကို ခွင့်ပြုတန်ချိန်များအတိုင်းသာ ဖြတ်သန်း မောင်းနှင်ကြရန်နှင့် တာဝန်ရှိသူများကလည်း စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးရွာသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အုန်းပင်-တောင်ပို့သာ ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ပေ ၃၀၀ ရေနိမ့်တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၅၅ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download