ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး
ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 31, 2025
နေပြည်တော် ဒီဇင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ သီးခြားစီသွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
အားပေးစကားပြောကြား
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အဖွဲ့သည် နေပြည်တော်ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက် တန်းကျောင်း (ရန်အောင်မြင်) နှင့် အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်းများ၌ စာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုကို ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။
ထို့နောက် ကျောင်းသားအရေအတွက်နှင့် စာသင်ခန်းမျှတမှုအခြေအနေ၊ သောက်သုံးရေ လုံလောက်မှုအခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအခြေအနေ၊ စာသင်ခန်းများ၊ ကျောင်းမုန့်ဈေးတန်း၊ စက်ဘီးရပ်နားရုံ၊ ကစားကွင်းနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် အဖွဲ့သည် နေပြည်တော်ဇေယျာသီရိမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား ကျောင်းသူများ စုပေါင်းတန်းစီကွင်းများ စနစ်တကျရှိစေရေးနှင့် တန်းစီကွင်းရှိ အလံတိုင်များ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး၊ စာသင်ခန်းလုံလောက်မှုနှင့် ကျောင်းသားဝင်ဆံ့မှုအခြေအနေ၊ ကျောင်းမုန့်ဈေးတန်းတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ ရောင်းချရေး၊ ဆိုင်ကယ်နှင့် စက်ဘီးထားရှိရန်အတွက် နေရာသတ်မှတ်ဆောင်ရွက်ထားရှိရေး၊ သန့်စင်ခန်းပြည့်စုံမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၉၇ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
