နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ပထမနေ့ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 20, 2026
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁၉

နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

ဆက်ကပ်လှူဒါန်း

ဦးစွာ အစည်းအဝေးမစတင်မီ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအား နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။

အစည်းအဝေးတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက သဘာပတိဆရာတော်အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော်(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တဇောတိဿရက အခမ်းအနားမှူး ဆရာတော်အဖြစ် ဆောင်ရွက်တော်မူသည်။

ယင်းနောက် အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးအထမြောက်အောင်မြင် ကြောင်း ကြေညာသည်။

အတည်ပြုချက်ကိုရယူ

ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်အားလုံးက “သာသနဿ စ လောကဿ ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ” အစချီသော ၂ ဂါထာကို တညီတညွတ်တည်း သုံးကြိမ်ရွတ်ဆိုလျက် အခမ်းအနားကို ဖွင့်လှစ်တော်မူကြပြီး အခမ်းအနားမှူးဆရာတော်က အစည်းအဝေးကျင်းပမည့် ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄၊ ၅၊ ၆ ရက်၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၊ ၂၁ ရက်များ အတွက် အစည်းအဝေးအစီအစဉ်များကို လျှောက်ထားကာအစည်းအဝေးကြီး၏ အတည်ပြုချက်ကိုရယူသည်။

ဩဝါဒကထာများကို နာယူ

ဆက်လက်၍ နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများဖြစ်ကြသော မြင်းခြံမြို့ ချောင်းဒေါင်းပရိယတ္တိစာသင် တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကေလာသ၊ ပုသိမ်မြို့ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိ ဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဝိဿုတ၊ ပြည်မြို့ ရွာဘဲတောင်ပေါ် ကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရ၊ တာမွေမြို့နယ် ဒေဝကုန္နရီပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ထေရာနန္ဒနှင့် မြိတ်မြို့ လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တလာသနတို့၏ ဩဝါဒကထာများကို နာယူကြသည်။

ယင်းနောက် အစည်းအဝေးသဘာပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။

သာသနာရေးဆိုင်ရာများ လျှောက်ထား

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ၁၃၈၆ ခုနှစ် တပေါင်းလမှ ၁၃၈၇ ခုနှစ် ယနေ့အထိ တစ်နှစ်တာ ကာလအတွင်း ပျံလွန်တော်မူသွားကြသော နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ အတွက် သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်ခြင်း၊ အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၏ ဘွဲ့အမည်စာရင်းများကို အတည်ပြုချက် ရယူခြင်းတို့ဆောင်ရွက်ပြီး နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။

တင်သွင်းလျှောက်ထား

မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပရာ တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာ အကျဉ်းကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသက တင်သွင်းလျှောက်ထားသည်။

ယင်းနောက် တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာ အကျယ်ကို ကဏ္ဍအလိုက် ဖတ်ကြားတင်သွင်းရာ ဝိနိစ္ဆယရေးရာကဏ္ဍကို အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကေသဝက လည်းကောင်း၊ သာသနာရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသကလည်းကောင်း၊ ပညာရေးရာကဏ္ဍကို သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တ ဝေဠုရိယက လည်းကောင်း ဖတ်ကြား တင်သွင်းလျှောက်ထားသည်။

မှတ်တမ်းတင်

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များက တင်ပြလာသော အကြံဉာဏ်များကို တွဲဖက်အကျိုး တော်ဆောင်ဆရာတော်များဖြစ်ကြသော အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရနှင့် အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ၊ ပိဋကတ္တယ ပါရဂူဘဒ္ဒန္တ သိရီကဉ္စနာဘိဝံသတို့က ရှင်းလင်းပြန်ကြား လျှောက်ထားပြီး ပျံလွန်တော်မူသွားကြသော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဩဝါဒါစရိယ ဆရာတော်ကြီးများအတွက် သံဝေဂဉာဏ်ပွား တော်မူကြောင်း မှတ်တမ်းတင်ကာ ပထမနေ့ အစည်းအဝေးကို ရပ်နားသည်။

ဆက်ကပ်လှူဒါန်း

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်များအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ဦးသိန်းမောင်ဇနီး ဒေါ်ပါးပါး စန္ဒီပရဆေးမိသားစု အမှတ် ၂၄၀ ကုန်ဈေးတန်းလမ်း ရန်ကုန်မြို့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

သတင်းစာများ - ၃၄၄၇ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download