နိုင်ငံခြားရေးမူဝါဒဖြင့် အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်ခြင်း ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
နိုင်ငံခြားရေးမူဝါဒဖြင့် အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်ခြင်း ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 28, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၇
နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနက “နိုင်ငံခြားရေးမူဝါဒဖြင့် အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်ခြင်း”(Advancing National Interests through Foreign Policy) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲကို လက်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိကြီးများ၊ ဝါရင့်သံတမန်ကြီးများ၊ ပါမောက္ခပညာရှင်များထံမှ အတွေ့အကြုံများမျှဝေပေးခြင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ သုတေသနပြုမှုအလေ့အထနှင့် တွေးခေါ်မှုများတိုးတက်စေရန်နှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် မှန်ကန်သည့် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်သွားနိုင်ရန် အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ ခြားရေးဝန်ကြီးဌာနသာမက ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးသည် အထူးအရေးကြီးပါကြောင်း၊ ယခုကျင်းပသည့် ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားကာကွယ်မြှင့်တင်ရေးအတွက် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို လေ့လာသုံးသပ်၍ စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ကောင်းမွန်သည့် အကြံပြုချက်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်းပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်းများအနေဖြင့် မျက်မှောက်ခေတ် ပထဝီနိုင်ငံရေးအခင်းအကျင်းများ၊ နည်းပညာဖွံ့ဖြိုးမှုနှင့်အတူ ပြောင်းလဲလာသည့် ဒေသတွင်းနှင့် နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်တွင်း ပကတိအခြေအနေများ၊ လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပိုမိုသိရှိနားလည်စေရန်နှင့် နိုင်ငံတကာဆက်ဆံရေးတွင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေးအတွက် နည်းလမ်းများဖော်ထုတ်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်းတွင် အမျိုးသားအကျိုးစီးပွားနှင့် ပထဝီနိုင်ငံရေးဆက်နွှယ်မှု၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လေ့လာဆန်းစစ်မှု၊ နိုင်ငံတကာဆက်ဆံရေးတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍ၊ လက်ရှိအမျိုးသားအကျိုးစီးပွားဆိုင်ရာ ဦးစားပေးမှုများကို ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခပညာရှင်များက ဆွေးနွေးကြသည်။
ဒုတိယပိုင်းတွင် နိုင်ငံတကာ၌ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးနှင့်ပတ်သက်၍ လက်တွေ့ဆောင်ရွက်ခဲ့သော ဝါရင့်သံအမတ်ကြီးများက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား သံခင်းတမန်ခင်း အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အုပ်စုများ ခွဲကာဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကိုကိုကျော်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
သတင်းစဉ်
သတင်းစာများ - ၃၄၅၅ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
