နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 28, 2025

နေပြည်တော် မေ ၂၇
၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိရာ မေ ၁၃ ရက်မှ ၁၉ ရက်အထိ အခြေအနေကို မေ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယခုအခါ မေ ၂၀ ရက်မှ ၂၇ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း ထိုင်းနိုင်ငံရောက် စေတနာရှင်များ၊ သီရိလင်္ကာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အစိုးရတို့က ထပ်မံပေးပို့လှူဒါန်းလာသော မိုးကာတဲ၊ မီးစက်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်းများအနက် ဆေးနှင့် ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့လည်းကောင်း၊ မီးစက်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ် မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ဖြန့်ခွဲပေးပို့ပြီးဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် ဒီဇယ်ဆီတန် ၁၁၉၃၀ ဒသမ ၅၀၅ နှင့် ဓာတ်ဆီတန် ၂၉၄၀ ဒသမ ၀၅၅ တို့သည် မေ ၂၃ ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ထပ်မံရောက်ရှိခဲ့ရာ စုစုပေါင်းဒီဇယ်ဆီ တန် ၂၉၉၃၀ ဒသမ ၅၀၅ နှင့် ဓာတ်ဆီတန် ၁၉၉၄၀ ဒသမ ၀၅၅ တို့ကို စွမ်းအင်ဝန်ကြီးဌာနက စနစ်တကျသိမ်းဆည်းသိုလှောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည်။
အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ဘိလပ်မြေ ၂၂၅ တန် (အိတ် ၄၅၀၀) သည် မေ ၂၄ ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက လွှဲပြောင်းပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူပြီးနောက် ဘေးသင့်ဒေသများသို့ ပို့ဆောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ငလျင်ဘေးသင့်ဒေသများတွင် ယာယီရုံးများအဖြစ် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကလှူဒါန်းသည့် Prefabricated Office အလုံး ၅၀၀ အနက် အလုံး ၃၄၀ သည် မေ ၂ ရက်တွင်လည်းကောင်း၊ အလုံး ၁၆၀ သည် မေ ၂၄ ရက်တွင်လည်းကောင်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဘေးသင့်ဒေသများတွင် ယာယီရုံးများအဖြစ် တပ်ဆင်ဆောင်ရွက်လျက်ရှိသည်။
အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ယာယီအိမ်များအဖြစ် အသုံးပြုရန် လှူဒါန်းသည့် Prefabricated House အလုံး ၄၅၀၀ အနက် ၁၅၇၆ လုံးသည် မေ ၉ ရက်တွင်လည်းကောင်း၊ ၁၈၀၄ လုံးသည် မေ ၁၃ ရက်တွင်လည်းကောင်း၊ အလုံး ၁၁၂၀ သည် မေ ၂၄ ရက်တွင်လည်းကောင်း ရန်ကုန်မြို့သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဘေးသင့်ဒေသများ၌ တပ်ဆင်ဆောင်ရွက်လျက်ရှိသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် မတ် ၂၈ ရက်မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှု စုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၆၁ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၃၂ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၁၁ စီးဖြစ်သည်။
နိုင်ငံတကာ အလှူရှင်များက မေ ၂၀ ရက်မှ မေ ၂၇ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့နိုင်ရေးဆောင်ရွက်ထားမှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို တစ်ပတ်လျှင်တစ်ကြိမ် ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၇၇ ခု

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
