နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / March 26, 2025
နေပြည်တော်၊ မတ် ၂၅
e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ e-Government ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို Myanmar e-Governance Master Plan 2030 ၏လမ်းပြမြေပုံတွင် ရည်မှန်းထားသော အဆင့်များအတိုင်း အောင်မြင်စေရန် တစ်စိုက်မတ်မတ် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ICT Infrastructureများ တည်ဆောက်ခြင်း၊ e-Procurement နှင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး၊ ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်ခြင်း၊ စံများသတ်မှတ်ခြင်း၊ သုတေသနလုပ်ငန်းများ၊ သတင်းအချက်အလက်များထုတ်ပြန်ခြင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပြည်သူ့အီလက်ထရောနစ်ဝန်ဆောင်မှုများ လျင်မြန်စွာ တိုးတက်လာစေရန်နှင့် e-Government ကို ထိရောက်မြန်ဆန်စွာ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရန် အကောင်းဆုံးနည်းလမ်းများကို ယနေ့အစည်းအဝေးတွင် ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်းပြီး ဆွေးနွေးသွားကြရန်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ e-Government လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် လမ်းညွှန်မှုခံယူရန်အချက်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
သတင်းစာများ - ၃၄၅၈ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
