နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားကာ ကလော - ရွှေညောင်လမ်းပိုင်း၌ပြေးဆွဲမည့် ရေနွေးငွေ့စက်ခေါင်း ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 10, 2025
image_latest


နေပြည်တော် မေ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ်ရုံး (တောင်ကြီး) ယာဉ်စစ်ဆေးရေးဌာန၌ ဝန်ကြီးဌာနအောက်ရှိ အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခြင်း၊ ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော တောင်ကြီး - ရွှေညောင်လမ်းပိုင်းရှိ ပေါမူဘူတာနှင့် ထီသိမ်ဘူတာကြား ရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်နေမှုနှင့် ကလော - ရွှေညောင် လမ်းပိုင်း၌ပြေးဆွဲမည့် ရေနွေးငွေ့စက်ခေါင်းတွဲဆိုင်းအား ကြည့်ရှုစစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ဦးစွာ မေ ၇ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ်ရုံး (တောင်ကြီး) သို့ ရောက်ရှိပြီး ယာဉ်စစ်ဆေးရေးဌာနခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံ၍ ဌာနအဖွဲ့အစည်းအလိုက် ဝန်ထမ်းကောင်းပီသစွာ တာဝန်ထမ်းဆောင်ကြရေး၊ ဌာနအလိုက် ရည်မှန်းချက်တာဝန်များကို ပြည့်မီကျော်လွန်အောင် ကြိုးပမ်းအားထုတ်ကြရေး၊ လုပ်ငန်း ဆောင်ရွက်မှုတွင် တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ်ဖြင့် ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး ရည်မှန်းချက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရေး၊ လိုအပ်ချက်များကို မှာကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီး၊ ပြည် နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မေ ၈ ရက် နံနက်ပိုင်းတွင် တောင်ကြီး - ပေါမူလမ်းပိုင်းရှိ ထီသိမ်ဘူတာရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

မွန်းလွဲပိုင်းတွင် ကလောဘူတာသို့ သွားရောက်၍ အများပြည်သူများ နယ်မြေသဘာဝရှုခင်းများ ကြည့်ရှုအပန်းဖြေနိုင်ရန် ရည်ရွယ်၍ ကလော - ရွှေညောင်လမ်းပိုင်း၌ အထူးရထားခရီးစဉ်အဖြစ် ပြေးဆွဲမည့် ရေနွေးငွေ့စက်ခေါင်းအထူးတွဲဆိုင်းကို ကြည့်ရှုစစ်ဆေးပြီး မြန်မာ့မီးရထားဝန်ထမ်းများအား အင်ဂျင်နီယာမှူး (မြို့ပြ/တိုင်း) ရုံးတွင် တွေ့ဆုံ၍ ကလောဘူတာသည် ရှေးဟောင်းသမိုင်းဝင်ဘူတာဖြစ်သဖြင့် ဘူတာအဆောက်အအုံနှင့် မှတ်တမ်းဓာတ်ပုံတို့ကို ရှေးမူမပျက် ထိန်းသိမ်းထားရှိရေး၊ ရထားစီးခရီးသည်များကိုသာမက ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များကိုလည်း ဆွဲဆောင်နိုင်ရေးအတွက် ဘူတာသန့်ရှင်းသပ်ရပ်ရေး၊ စိမ်းလန်းစိုပြည်ရေး တို့ကို အလေးထားထိန်းသိမ်းဆောင်ရွက်ရေး မှာကြားသည်။

မေ ၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကလောမြို့နယ်  ဟဲဟိုးဘူတာနှင့် ရွှေညောင်ဘူတာအကြားရှိ တံတားအမှတ် (၃၈၂) ဘဝသံသရာတံတားသို့ ရောက်ရှိ၍ တံတားကြံ့ခိုင်မှုအခြေအနေနှင့် အနီးပတ်ဝန်းကျင် သာယာလှပသည့် ရှုခင်းနေရာများအား ကြည့်ရှုစစ်ဆေးပြီး ရှုခင်းကြည့်အထူးရထားခရီးစဉ် ပြေးဆွဲနိုင်ရေး လိုအပ်ချက်များကို မှာကြား သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်ဘူတာသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် သာစည်ဘူတာအဆောက်အအုံပျက်စီးမှုများ ရှင်းလင်းခြင်း၊ ပြန်လည်တည်ဆောက်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် သာစည်မြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ ငလျင်ဒဏ်ထိခိုက်ခဲ့သည့် ဝန်ထမ်းများအား သာစည်မြို့နယ် ခန်းမ၌ တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်းသို့ရောက်ရှိကာ သင်တန်းခန်းမ၌ မိတ္ထီလာမြို့နယ်၊ သဲတော မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့ရှိ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကျောင်းအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၁၅၈ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download