နိုင်ငံတော်နှင့် ပြည်သူ့အကျိုးရှေးရှု စနစ်တကျခြိုးခြံချွေတာသုံးစွဲ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 24, 2026
image_latest


မျက်မှောက်ကာလတွင် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တို့အရ အများပြည်သူ မည်သူမဆို ခြိုးခြံချွေတာရေးကို မဖြစ်မနေဆောင်ရွက်ရမည့် အချိန်အခါ ဖြစ်သည်။ ခြိုးခြံချွေတာလိုက်ခြင်းဖြင့် အခြားသူတို့ကို အကျိုးပြုရာရောက်သည်။ တစ်ဦးချင်းတစ်ယောက်ချင်းစီ ခြိုးခြံချွေတာလိုက်ခြင်းဖြင့် အခြားလိုအပ်သူများကို ဖြည့်ဆည်းပေးရာရောက်သဖြင့် မွန်မြတ်သောလုပ်ဆောင်မှုအဖြစ် ခံယူနိုင်ပေသည်။ လက်ရှိတွင် ခြိုးခြံချွေတာအပ်သည့် အဓိကအရာသုံးခုမှာ သောက်သုံးရေ၊ စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အားတို့ဖြစ်သည်။

သောက်သုံးရေနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ရေချိုသယံဇာတပေါများသည့် နိုင်ငံအဖြစ်မှတ်ယူနိုင်သော်လည်း ယခုကဲ့သို့ ပူပြင်းသောနွေရာသီကာလ မတ်လမှ ဇွန်လအတွင်း ရေချိုသယံဇာတခြောက်ခန်းမှုများနှင့် ကြုံတွေ့နိုင်သဖြင့် နေ့စဉ်ရရှိသုံးစွဲနေသော ရေအရင်းအမြစ်များကို စနစ်တကျ ခြိုးခြံချွေတာ သုံးစွဲသွားရန်လိုသည်။ စက်သုံးဆီနှင့်ပတ်သက်၍ အရှေ့အလယ်ပိုင်းဒေသတွင် မပြီးသေးသော ပဋိပက္ခများနှင့် နောက်ဆက်တွဲအခြေအနေများအရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံများအနေဖြင့် လက်ကျန်စက်သုံးဆီများ၊ အရန်စက်သုံးဆီများကို စနစ်တကျသုံးစွဲစေပြီး အချိန်အတိုင်းအတာတစ်ခုအထိ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်နေသဖြင့် စနစ်တကျခြိုးခြံချွေတာသုံးစွဲရန် လိုအပ်ပေသည်။

လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ အစောပိုင်းကာလတွင် လျှပ်စစ်မီးကို ပုံမှန်ပေးနိုင်သော်လည်း ယခုကာလမှစ၍ လျှပ်စစ်ဓာတ်အားကို အလှည့်ကျပေးဝေသည့် စနစ်ကို ပြန်လည်ကျင့်သုံးရသည်။ ယခုမတ်လမှစ၍ နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပုံမှန်အားဖြင့် ဆည်များတွင် စုဆောင်းထားရှိသည့်ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးရေးကို စနစ်တကျဆောင်ရွက်ရမည့်ကာလဖြစ်သည်။ သို့သော် မတ်လအတွင်း တက္ကသိုလ်ဝင်စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်များတွင် ကျောင်းသား ကျောင်းသူများ စာကြည့်ချိန်နှင့် စာစစ်ဌာနများ ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရန် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့် ဓာတ်အားတိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲပြီးစီးသွားသည့်အချိန်မှစ၍ နွေရာသီကာလ ဇွန်လအထိ ဓာတ်အား စဉ်ဆက်မပြတ်ပေးဝေနိုင်ရန်နှင့် လက်ရှိကာလတွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိရန်အတွက် ဓာတ်အားထုတ်လုပ်မှုနှင့်ချိန်ညှိကာ အချို့သောနေရာ၊ အချို့သောအချိန်များတွင် ဓာတ်အား မျှတခွဲဝေခြင်းအစီအစဉ်များကို မတ်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အားလိုအပ်ချက် ၄၆၆၄ မဂ္ဂါဝပ်ကို ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် နေရောင်ခြည်သုံးစွမ်းအင်၊ လေစွမ်းအင်၊ ကျောက်မီးသွေးစွမ်းအင်၊ ရေစွမ်းအင်၊ သဘာဝဓာတ်ငွေ့စွမ်းအင်အမျိုးမျိုးတို့ကို ထိရောက်စွာ အသုံးပြုဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ဖျက်ဆီးခံရသော ဓာတ်အားလိုင်းများ ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရမှုနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃၆၀၀ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။ ဝန်အားမျှတ ခွဲဝေခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ၌ သဘာဝဓာတ်ငွေ့ရည် LNG သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများတွင် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်ခဲ့သောအခြေအနေများကို မိဘပြည်သူများအနေဖြင့် နားလည်ပေးရန် မေတ္တာရပ်ခံပါသည်။

သို့ဖြစ်ရာ လက်ရှိကာလတွင် အကြောင်းအမျိုးမျိုးတို့ကြောင့် ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်တို့အရ အများပြည်သူတို့အနေဖြင့် စိန်ခေါ်မှုများ၊ အခက်အခဲများ ကြုံတွေ့နေရမှုအပေါ် နိုင်ငံတော်အစိုးရက အဆင်ပြေချောမွေ့စေရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိပါသည်။ အထူး သဖြင့် ပြည်သူများ မဖြစ်မနေလိုအပ်သော စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အားကို အဆင်ပြေမည့် အချိန်အတိုင်းအတာတစ်ခုရောက်ရှိသည်အထိ စနစ်တကျစီမံဆောင်ရွက်နေခြင်းဖြစ်၍ ပြည်သူများကလည်း စနစ်တကျခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံတော်နှင့် အများပြည်သူအကျိုးကို ပါဝင်ဆောင်ကြဉ်းပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

သတင်းစာများ - ၃၄၇၉ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download