နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တစ်ထောင့်တစ်နေရာမှ အကျိုးပြု
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တစ်ထောင့်တစ်နေရာမှ အကျိုးပြု
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 19, 2026
အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့ရာ နိုင်ငံအလိုက် စက်သုံးဆီအခက်အခဲများ ပြေလည်စေရန် ဖြေရှင်းနေကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ဦးဆောင်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စီမံဆောင်ရွက်မှုနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများမှာ ယခုအခါ အဆင်ပြေတည်ငြိမ်လာခဲ့ပြီး ဈေးနှုန်းများကို မျှတစွာ စီမံဆောင်ရွက်ပေးလျက်ရှိသည်။
စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များအနေဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ပေးရာတွင် စားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ ထိန်းညှိပေးရန် လိုအပ်လျက်ရှိသည့်အတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသည့်အခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆက်လက်၍ မေလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီဈေးနှုန်းနှင့်အတူ သဘာဝဓာတ်ငွေ့ရည်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ပြီး ဓာတ်ငွေ့ရည်အသုံးပြုသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုစရိတ် လျော့ကျစေရေးနှင့် အများပြည်သူအတွက် ဓာတ်အားခဈေးနှုန်းများ သက်သာစေရန် ထိန်းညှိဆောင်ရွက်ပေးလျက်ရှိသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခဈေးနှုန်းများ သက်သာစေရေးအတွက် သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကိုလည်း မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျနိုင်စေရေးအတွက် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင် နှုန်းကို ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ယင်းအခွန် ကင်းလွတ်ခွင့်ကို မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုသွားမည်ဟုလည်း သိရသည်။ ကုန်သွယ်ကူးသန်းရောင်းဝယ်ကြသူများအနေဖြင့် နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးမှုများအပေါ် စနစ်တကျ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
နိုင်ငံတော်က အများပြည်သူ စက်သုံးဆီအသုံးပြုမှု အဆင်ပြေချောမွေ့စေရေးအတွက် စဉ်ဆက်မပြတ် စီမံဆောင်ရွက်ပေးလျက်ရှိပြီး အထူးသဖြင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကဏ္ဍများအတွက် စက်သုံးဆီများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ပေးလျက်ရှိသည်။ လူဦးရေထူထပ်သော ရန်ကုန်မြို့ရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များ အား သဘာဝဓာတ်ငွေ့ CNG ကို တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်ကဈေးနှုန်းအတိုင်း မပြောင်းလဲဘဲ ရောင်းချပေးလျက်ရှိသည်။ ထိုဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းထက်သက်သာပြီး အာဆီယံတွင် အချိုသာဆုံး ဈေးနှုန်းဖြစ်သည်။
CNG သုံး Taxi ယာဉ်များ အသုံးပြုခြင်းဖြင့် လောင်စာဆီကုန်ကျမှုသက်သာသဖြင့် CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်က စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို အများပြည်သူခံစားခွင့်ရရှိစေရန် အလေးထားပူးပေါင်းဆောင်ရွက်ကြရန်လိုသည်။ YBS ယာဉ်များကိုလည်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုပေးထားသော လမ်းကြောင်းများအတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေးနိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးရန်လိုသည်။ မကြာမီကာလတွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းချုပ်နိုင်တော့မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှု များစွာလျော့နည်းသက်သာသွားပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်သုံးဆီသည် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်ရာ အဆိုပါကဏ္ဍကို စနစ်တကျ ပိုမိုကောင်းမွန်စေရေးအတွက် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ စက်သုံးဆီကဏ္ဍရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ကြသူများကလည်း စေတနာအပြည့်အဝထားလုပ်ကိုင်ကြပြီး ပြည်သူလူထုကလည်း အသိတရားဖြင့် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုမည်ဖြစ်ပါကြောင်း။ ။
သတင်းစာများ - ၃၅၃၀ ခု
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
