နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်စောက်၊ ကလော၊ ဟဲဟိုးနှင့် အောင်ပန်း မြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်စောက်၊ ကလော၊ ဟဲဟိုးနှင့် အောင်ပန်း မြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 27, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်စောက်၊ ကလော၊ ဟဲဟိုးနှင့် အောင်ပန်း မြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရပ်စောက်မြို့နှင့် ကလောမြို့တို့၌ ဖေဖော်ဝါရီ ၂၆ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာခန်းမများ၌ သီးခြားစီ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲများသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် သက်ဆိုင်ရာမြို့နယ်များအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြားရာ၌ နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်၍ NLD အစိုးရအနေဖြင့် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဆောင်ရွက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန်ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ခေတ္တထိန်းသိမ်းထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များချမှတ် ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အခြေအနေများ။
နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့မှု၊ ယင်းအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဖြစ်ပေါ်နေသည့်ကာလဖြစ်ပြီး ပြည်ဖျက်အဖွဲ့များ၏ သွေးထိုးလှုံဆော်မှုများကိုနားယောင်၍ သစ္စာမဲ့သည့် နိုင်ငံ့ဝန်ထမ်းအချို့၏ လုပ်ငန်းခွင်စွန့်ခွာမှုများကိုလည်း ကြုံတွေ့ခဲ့ရမှု၊ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ် ပိုင်းတွင် ရာဂီမုန်တိုင်းတိုက်ခတ်မှု၏ နောက်ဆက်တွဲအဖြစ် ရေကြီးရေလျှံမှု၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းများနှင့် နိုင်ငံရေး၊ စီးပွားရေးအရ ပိတ်ဆို့မှုများအပါအဝင် အခြားစိန်ခေါ်မှုကြီးများစွာကိုလည်း သစ္စာရှိနိုင်ငံ့ဝန်ထမ်းကောင်းများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူများ၏ စုပေါင်းအားဖြင့် အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့မှုနှင့် ဆက်လက်၍လည်း ကြုံတွေ့လာနိုင်သည့် မည်သည့်အခက်အခဲအတားအဆီးများကိုမဆို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားသွားကြရန် လိုအပ်သည့် အခြေအနေများ။
ရွေးကောက်ပွဲကျင်းပရန်နိုင်ရန်အတွက် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်းဆောင်ရွက်နိုင်ခဲ့မှု၊ နိုင်ငံတော်အကြီးအကဲနေဖြင့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ၊ ပါတီငယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေးစင်မြင့်တွင် ပါဝင်လာနိုင်စေရေး FPTP စနစ်၊ PR စနစ်တို့ကို ကျင့်သုံးဆောင်ရွက်ပေးခဲ့မှု။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး အပိုင်း (၃) ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင်အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့မှု၊ ထိုသို့ မဲပေးချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မီဒီယာများက ရွေးကောက်ပွဲမကျင်းပနိုင်စေရန်အတွက် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မဟုတ်မမှန် ဝါဒဖြန့်ချိခြင်းများ ဆောင်ရွက်ခဲ့မှု၊ ပြည်သူများအနေဖြင့်
မဲရုံစတင်ဖွင့်လှစ်သည့် ဆန္ဒမဲများပေးရာတွင် မဲရုံစတင်ဖွင့်လှစ်သည့်အချိန်မှ မဲရုံပိတ်သိမ်းချိန်အထိ တက်ကြွစွာဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) စက်များဖြင့် စနစ်တကျမဲပေးခြင်းများကို မိတ်ဖက်နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများမှ ရွေးကောက်ပွဲ လာရောက်လေ့လာ စောင့်ကြည့်သူများ၊ပြည်တွင်း/ပြည်ပ မီဒီယာများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်ခဲ့မှု။
တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်ပေါင်း ၂၆၃ မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့မှု၊ ပါတီပေါင်း ၅၈ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုမှာ ၆ ပါတီရှိကြောင်း၊ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်သဖြင့် မကြာမီလာမည့် မတ်လတွင်လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည့် အခြေအနေများအား ဦးစွာ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင်ပြောင်းလဲသည်ဖြစ်စေ ဝန်းထမ်းကျင့်ဝတ်သိက္ခာနှင့်အညီ ကြေပွန်စွာတာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းကောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်ရန်လိုအပ်ပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိသည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရန် အဓိကအရေးကြီးကြောင်း၊ ထိုသို့ ဝန်ထမ်းကောင်းများရှိမှာသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့် မိမိတို့တာဝန်ကျရာဒေသတို့တွင် ပေးအပ်သည့်တာဝန်များကို အဂတိတရားကင်းရှင်းစွာဖြင့် ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ ပြည်ဖျက်အဖွဲ့များအနေဖြင့် ယနေ့အချိန်ထိ ကောလဟလသတင်းများ ထုတ်လွှင့်ခြင်း၊ ငွေကြေးအရ မက်လုံးပေးစည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊
နိုင်ငံ့ဝန်ထမ်းများအနေဖြင့်အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများဖြစ်သည့်အတွက် မလိုလားသူများ၏ သွေးထိုးသပ်လျှိုမှု၊ စည်းရုံးသိမ်းသွင်းမှုမခံရစေရေး အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား ခွဲခြားသိမြင်နိုင်ရေးသည်လည်း အရေးကြီးကြောင်း။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်တာဝန်ကို ခေတ္တစတင်တာဝန်ယူချိန်တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများ၊ ခြိမ်းခြောက်အကြပ်ကိုင်မှုများကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းအချို့အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်ခဲ့ကြကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ကိုဗစ်- ၁၉ ကပ်ရောဂါအပါအဝင် သဘာဝဘေးကြုံတွေ့ရမှုအကြပ်အတည်းများကြားမှ မိမိတို့ အနေဖြင့် လက်ရှိအခြေအနေအထိ နိုင်ငံတော်ကို တည်ဆောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ ယနေ့အထိ နိုင်ငံတော်ကပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသည့် သစ္စာရှိ နိုင်ငံ့ဝန်ထမ်းကောင်များကြောင့် ဖြစ်ကြောင်း၊နိုင်ငံတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ၏ ပညာရေးကဏ္ဍမြင့်မားနေရန်လိုအပ်ကြောင်း၊ ပညာရေးအားနည်းခြင်းများကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရည်အားနည်းခြင်းကြောင့် လူတစ်ဦးချင်း၏ တွေးခေါ်မျှော်မြင်မှုများတွင် အားနည်းမှုများရှိကြောင်း၊ နိုင်ငံအတွင်းပညာတတ်များ ပေါကြွယ်ဝမှသာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း ပညာတတ်လူငယ်လူရွယ်များ လူသားအရင်းအမြစ်များ များစွာ လိုအပ်ကြောင်း၊ ဆက်စပ်လျက် ၂၀၂၆ ခုနှစ် မတ်လတွင် ကျင်းပမည့် Grade -12 စာမေးပွဲတွင်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲထူးချွန်စွာ အောင်မြင်ရန်နှင့် အောင်ချက်ရာခိုင်းနှုန်းမြင့်မားအောင် တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် KG တန်းမှ စ၍ Grade -12 ထိကျောင်းသားလူငယ်များ စာကြေအောင်၊ စာတတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း၊ စာကြေစာတတ်မှသာ ၎င်းတို့၏ ဘဝတွင် ဆက်လက်၍ အဆင့်မြင့်ပညာများကို ကောင်းမွန်စွာသင်ယူနိုင်မည်ဖြစ်ကာ အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးကျန်းမာ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြံ့ ခိုင်မှုရှိစေရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကြောင်း၊ ဆေးရုံများအဆင့်မြှင့်တင်ပေးခြင်း၊ လိုအပ်သည့်ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးနှင့်စပ်ဆက်၍ အားကစားကဏ္ဍမြင့် မားရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်၊ ပေးအပ်သည့်တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်သည့်အတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ဆောင်ရွက်သွားကြရန်လိုကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသနေ ပြည်သူများဖြစ်ကြပြီး ၃၀ ရာခိုင်နှုန်းလောက်သာ မြို့နေလူတန်းစားများဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိရိုးဖလာလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ စဉ်းစားတွေးခေါ် နိုင်စွမ်းများမြင့်မားလာစေရေး အတန်းပညာ၊ အတတ်ပညာ၊ အသိပညာများ မြင့်မားလာအောင်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အတန်းပညာများရှိမှသာ အတတ်ပညာများကိုသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စာပေဖတ်ရှု့ခြင်းမှ အသိပညာများ ရရှိနိုင်မည်ဖြစ်သည့်အတွက် စာကောင်းပေမွန်များ ဖတ်ရှု့လေ့လာကြရန်လည်းလိုကြောင်း၊ အတန်းပညာတက်ရောက်ရန် မဖြစ်နိုင်တော့သည့်အရွယ်လွန်သည့် ပြည်သူများအား ကျောင်းပြင်ပပညာရေးဖြင့် အသိပညာဗဟုသုတများ ရရှိလာအောင်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် Agro Based Industries ကို မူဝါဒများချမှတ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ အတွက်လိုအပ်သည့် လူသားအရင်းအမြစ်များရရှိစေရေးနှင့် Grade-12 ၌ပင် ပညာရေးတစ်ပိုင်းတစ်စရပ်တံ့ရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် Vocational Training အဖြစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသအတွင်း ထုတ်ကုန်တိုးမြှင့်ရေးအတွက် စာရင်းဇယားမှန်ကန်ရေး၊ သစ္စာရှိဝန်ထမ်းများလိုအပ်ကြောင်း၊ နိုင်ငံတော်ကမျှော်မှန်းထားသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအောင် မြင်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိဒေသရှိ တောင်သူများ စိုက်ပျိုး/မွေးမြူရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများတိုးပွားစေရန် ပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးသွားကြရန်လိုကြောင်း၊ ဒေသထွက်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ ထုတ်ကုန်များ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက်လည်း လိုအပ်သည်များ စီမံဆောင်ရွက်ပေးသွားကြရန်နှင့် မိမိတာဝန်ကျရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထား၍ တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း၊ နိုင်ငံ့ ဝန်ထမ်းအချို့အနေဖြင့် စီးပွားရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ မသမာမှုများ ဆောင်ရွက်ခဲ့ကြသည်ကိုလည်းတွေ့ရကြောင်း၊ ထိုသို့ဖြစ် ပေါ်ရခြင်းမှာ တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊ တိုင်းချစ်ပြည်ချစ်စိတ်တွင် နိုင်ငံသားနှင့်ပတ်သက်သည့် တိုင်းချစ်ပြည်ချစ်စိတ်နှင့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်သည့် တိုင်းချစ်ပြည်ချစ်စိတ်ဟူ၍ ခွဲခြားနိုင်ကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်နှင့်သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်း တို့အပါအဝင် အထွတ်အမြတ်ထားရမည်များကို လေးစားတန်ဖိုးထားချစ်မြတ်နိုးကြရန် ဝိုင်းဝန်းထိန်းကြောင်း တည့်မတ်ပေးရန်လည်းလိုကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာများဖြင့် ဒေသကောင်းရာကောင်းကျိုးအတွက် အတ္တနှင့်ပရညီညွတ်မျှတစွာ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းဖြစ်ရန်မှာ အဂတိတရားကင်းရှင်းရန် အရေးကြီးကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံ့စီးပွားရေး တိုးတက်ကောင်းမွန်မည်ဖြစ်ပြီး ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် ပြည်သူနှင့်နိုင်ငံတော်အပေါ် အလုပ်အကျွေးပြုနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံသွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက ကျောင်းအတွက် လိုအပ်ချက်များကိုလည်းကောင်း၊ ရပ်စောက်မြို့၊ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစန်းယုကိုနှင့် ကလောခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ဒေါက်တာ ဒေါ်ဝင်းသန္တာဖြူတို့က ဆေးရုံများအတွက် လိုအပ်ချက်များကိုလည်းကောင်း၊ ကလောခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဒေါ်စုစုငြိမ်းနှင့် အလုပ်သမားဦးစီးဌာနမှ ဦးစိုင်းမောင်လင်းတို့က သက်ဆိုင်ရာရုံး၊ ဦးစီးဌာနများ၏ လိုအပ်ချက်များကိုလည်းကောင်း တင်ပြကြရာ တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၃၄၅၅ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
