နိုင်ငံနှင့် ပြည်သူလူထု အကျိုးပြုမည့် မိုဘိုင်းလက်ကိုင်ဖုန်းများ မှတ်ပုံတင်စနစ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 06, 2026
image_latest


မိုဘိုင်းလက်ကိုင်ဖုန်းများ တစ်နည်းအားဖြင့် ဟန်းဆက်များ မှတ်ပုံတင်သည့်စနစ်ကို သက်ဆိုင်ရာက ဆောင်ရွက်နေကြောင်း ပြည်သူသို့ အသိပေးကြေညာထားသည်။ အဆိုပါစနစ်ကို “ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(Central Equipment ldentity Register_CEIR)” ဟုခေါ်သည်။ မှတ်ပုံတင်သည်ဟုဆိုရာတွင် မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်းများ၏ မူရင်းအမှတ်အသား (Inter-national Mobile Equipment Identity-IMEl Code)ကို CEIR တွင် မှတ်ပုံတင်ခြင်းဖြစ်သည်။

မိုဘိုင်းလက်ကိုင်ဖုန်းများ မှတ်ပုံတင်သည့် အစီအစဉ်သည်ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို တင်သွင်းသူများအနေဖြင့် စံချိန်စံညွှန်းကိုက်ညီသည့် လက်ကိုင်ဖုန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်တင်သွင်းခြင်းနှင့် ကျသင့်အခွန်ငွေပေးဆောင်ခြင်းတို့အတွက် တွန်းအားပေးနိုင်မည်ဖြစ်သည်။ မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူများအနေဖြင့်လည်း ဟန်းဆက်ကို ယင်းသို့ မှတ်ပုံတင်ထားခြင်းအားဖြင့် မိမိပိုင်သည့် လက်ကိုင်ဖုန်းခိုးယူခံရခြင်း၊ ပျောက်ဆုံးခြင်းတို့တွင် မိမိကတရားဝင်ဝယ်ယူထားခြင်းဖြစ်ကြောင်း အထောက်အထားပြ၍ သက်ဆိုင်ရာသို့ တိုင်ကြားကာ နိုင်ငံအတွင်း မိမိဖုန်းကို အခြားသူသုံးစွဲ၍မရအောင် တားဆီးနိုင်သည်။ အွန်လိုင်းငွေကြေးပေးချေမှုများတွင်လည်း lMEI များကို ထည့်သွင်းအသုံးပြုခြင်းဖြင့် ငွေကြေးလိမ်လည်မှုကို အထိုက်အလျောက်ကာကွယ်နိုင်မည်ဖြစ်သည်။

လက်ရှိ မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲနေကြသူများမှာ ပြည်တွင်း ဆက်သွယ်ရေးကွန်ရက်များဖြစ်သည့် MPT ၊ ATOM ၊ U9 ၊ Mytel တို့ကို သုံးစွဲနေကြသူများဖြစ်ပါက အခွန်ပေးဆောင်ရန်မလိုဘဲ အလိုအလျောက် မှတ်ပုံတင်ပေးသွားမည်ဖြစ်သည်။ သို့မဟုတ်ပါက လည်း ယခုလ ၃၁ ရက်နေ့ နောက်ဆုံးထားကာ ပြည်တွင်း SIM Card တစ်ခုခုကို ထည့်သွင်းဖွင့်လှစ်အသုံးပြုထားခြင်းဖြင့် မှတ်ပုံတင်ခွင့်ပြုစာရင်းတွင်ပါဝင်သွားမည်ဟု သိရသည်။ ၂၀၁၃ ခုနှစ်တွင် ပြည်တွင်း၌ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုပြုလုပ်ခဲ့ရာ ယင်းမတိုင်မီက လူကုံထံအသိုင်းအဝိုင်းမျှသာ အသုံး ပြုနိုင်ခဲ့သည့် မိုဘိုင်းဖုန်းဆက်သွယ်ရေးမှာ လူတိုင်းသုံးစွဲနိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်။ သို့ရာတွင် SIM Card များကို မှတ်ပုံတင်စရာမလိုဘဲ ပေါပေါသီသီရောင်းချပေးခဲ့ခြင်းကြောင့် ၎င်းတို့ကို မသမာသူများ၊ ဒုစရိုက်မှုကျူးလွန်သူများ၊ အဖျက်အမှောင့် သမားများက အခွင့်ကောင်းယူအသုံးချခဲ့ကြသည်။

နောက်ပိုင်းတွင် SIM Card များ မှတ်ပုံတင်ခြင်းကို ပို၍ ဖိဖိစီးစီး ပြုလုပ်လာခဲ့သော်လည်း လက်ကိုင်ဖုန်း ဟန်းဆက်များမှာမူ တရားဝင်ရော၊ တရားမဝင်နည်းလမ်းဖြင့်ပါ ပြည်တွင်းသို့ ဝင်ရောက်နေ ခဲ့သည်။ အချို့မိုဘိုင်းလက်ကိုင်ဖုန်းများမှာ ပြည်တွင်း၌ တရားဝင် အရောင်းပြခန်းဖွင့်လှစ်၍ အခွန်ဆောင်ရောင်းချရာတွင် တရားမဝင် အောက်လမ်းမှ ဝင်ရောက်လာသည့် အမှတ်တံဆိပ်တူဖုန်းများက ပိုမိုလျော့နည်းသောစျေးနှုန်းဖြင့် ရောင်းချသွားကြသည်ကို ကြုံတွေ့ကြရသည်။ သို့ရာတွင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက် လာသည့်ဖုန်းများမှာ အရည်အသွေးအာမခံချက်မရှိသည့်အပြင် ချို့ယွင်းမှုတစ်စုံတစ်ရာ ဖြစ်လာပါကလည်း တရားမဝင်ဈေးကွက်မှ ဝယ်ယူလာသည့် ကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ ပြည်တွင်းရှိ တရားဝင်အရောင်းကိုယ်စားလှယ်က တာဝန်ရှိမည်မဟုတ်သည့်အလျောက် ငြင်းဆိုခဲ့ကြသည်ကို ဝယ်ယူသုံးစွဲသူများ တွေ့ကြုံကြရသည်။

မိမိတို့နိုင်ငံတွင် နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်မှုအားနည်းခြင်းနှင့်အတူ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းကိုလည်း ထိန်းချုပ်ရန်ခက်ခဲသည်။ သို့ဖြစ်ရာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် လိုင်စင်မဲ့ကမ်းကူးမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ပြည်တွင်းလမ်းများပေါ် တရားမဝင်ရောက်ရှိလာကြသည်။ W ဟု ခေါ်ကြသည့် အဆိုပါ လိုင်စင်မဲ့ယာဉ်များမှာ ပြည်တွင်းပေါက်စျေးအောက် လွန်စွာနည်းပါးသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ကြသည်။ လိုင်စင်မဲ့ယာဉ်ကို ဝယ်ယူမောင်းနှင်သူများက ယာဉ်တိုက်မှု၊ လူတိုက်မှု စသည့် ပြစ်မှုတစ်စုံတစ်ရာဖြစ်ပါက ယာဉ်ကိုထားရစ်ပြီး ထွက်ပြေးသွားတတ်ကြရာ ကျူးလွန်သူကို ဖော်ထုတ်နိုင်ရန် ခဲယဉ်းသည်။ မိုဘိုင်းဖုန်းများတွင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။

မိုဘိုင်းလက်ကိုင်ဖုန်းများကို IMEI မှတ်ပုံတင်ခြင်းအားဖြင့် အရည်အသွေးယုံကြည်စိတ်ချရမှုနှင့် ပိုင်ဆိုင်မှုခိုင်မာသည့် စိတ်လုံခြုံမှုကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် ဆက်သွယ်ရေးကွန်ရက်များကို အခြေပြု၍လုပ်ကိုင်နေကြသည့် လိမ်လည်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှု စသည့်ဆိုက်ဘာရာဇဝတ်မှုအမျိုးမျိုးတို့ကိုလည်းပိုမို၍ ထိန်းချုပ်လာနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာဝင်ငွေကို ပိုမိုတိုးတက်ရရှိနိုင်မည် ဖြစ်သည့်အကြောင်း။ ။

သတင်းစာများ - ၃၄၆၁ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download