နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ် နိုင်ကြောင်းနှင့် စိုးရိမ်ကြောင့်ကြမှု မဖြစ်ပေါ်စေရေး အသိပေးထုတ်ပြန်ချက်
နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ် နိုင်ကြောင်းနှင့် စိုးရိမ်ကြောင့်ကြမှု မဖြစ်ပေါ်စေရေး အသိပေးထုတ်ပြန်ချက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 05, 2026
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်
အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခအခြေအနေများကြောင့် စက်သုံးဆီတင်သွင်းမှုလမ်းကြောင်းတွင် အကျပ်အတည်းဖြစ်ပေါ်မှုများသည် ကမ္ဘာ့နိုင်ငံအသီးသီးကို ရိုက်ခတ်လျက်ရှိပြီး အထူးသဖြင့် ယင်းဒေသမှ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို အားပြုတင်သွင်းနေရသည့် အရှေ့တောင်အာရှနိုင်ငံများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ယင်းအခက်အခဲ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနေဖြင့် နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံမှ တင်သွင်းနေသော စက်သုံးဆီများသည် ထိုင်းနိုင်ငံမှ တင်သွင်းနေခြင်းမဟုတ်ကြောင်းနှင့် စင်ကာပူ၊ မလေးရှားနိုင်ငံတို့မှ ပင်လယ်ရေကြောင်းဖြင့် အဓိကတင်သွင်းနေပြီး စက်သုံးဆီဖြည့်ဆည်းမှု ကွင်းဆက် Supply Chain တစ်လျှောက်တွင် အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီ ဖူလုံမှုရှိစေရေး အစီအမံဖြင့် ဆောင်ရွက်ထားရှိ သည့်အတွက် ရက် (၄၀) ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝန်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိပါသည်။ ဆက်လက်၍ ကြိုတင်စီမံထားသည့်အစီအစဉ်အတိုင်း သီလဝါဆိပ်ကမ်းတွင် သင်္ဘောနှစ်စင်း၊ လမ်းခရီးတွင် သင်္ဘောခြောက်စင်း၊ ဆီတင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘောရှစ်စင်းဖြင့် ထပ်မံဖြည့်တင်းသွားမည် ဖြစ်ပါသည်။ ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ရောက်ရှိစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အပြင် အရေးပေါ်အခြေအနေဖြစ်ပေါ် လာပါက ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေချိတ်ဆက် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ဖြစ်ပေါ်လာနိုင်သည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြရန်နှင့် သက်ဆိုင်ရာဌာနမှ တရားဝင်ထုတ်ပြန်ပေးလျက်ရှိသည့် သတင်းများကိုသာ ယုံကြည်ကြရန် လိုအပ်ပါကြောင်း၊ တရားမဝင် ကောလာဟလသတင်းများကို မယုံကြည်ကြရန်နှင့် စိုးရိမ်စိတ်လွန်ကဲ၍ စက်သုံးဆီကို မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် စွမ်းအင်ဝန်ကြီးဌာနမှ မိဘပြည်သူများသို့ မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။
စွမ်းအင်ဝန်ကြီးဌာန
သတင်းစာများ - ၃၄၆၀ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
