နိုင်ငံအရေးနှင့် လူငယ်ထုစွမ်းအား
နိုင်ငံအရေးနှင့် လူငယ်ထုစွမ်းအား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 28, 2026
နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ နိုင်ငံခေတ်မီရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားတိုးတက်ရေးဟူသော ဝေါဟာရတို့နှင့် အနက်အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးဟူသည် နိုင်ငံရေးသိပ္ပံပညာရှင်တို့၏ စကားရပ်ဖြစ်သည်။ ၎င်းကိုပင် လူမှုဗေဒပညာရှင်တို့က နိုင်ငံခေတ်မီရေးဟုသုံးစွဲကြပြီး စီးပွားရေးပညာရပ် ရှုထောင့်မှဆိုလျှင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးဟု ဆိုခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် အခြေခံအကျဆုံးသော အကြောင်းတရားသည် နိုင်ငံရေးဆိုင်ရာ အကြောင်းတရားများပင်ဖြစ်သည်ဟု ပညာရှင်အများက သဘောညီကြသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟုဆိုရာတွင် စီးပွားရေးဆိုင်ရာ အကြောင်းတရားများသည် အရေးပါသည့်တိုင် ယင်းသည် နိုင်ငံရေးအကြောင်းတရား၏ လက်အောက်ခံသာဖြစ်သည်။ နိုင်ငံကို မည်သို့ဖွံ့ဖြိုးအောင်ဆောင်ရွက်မည်ဟူ၍ မူဝါဒချမှတ်သည့်နယ်ပယ်မှာ နိုင်ငံရေးနယ်ပယ်သာလျှင်ဖြစ်ရာ နိုင်ငံရေးဖွံ့ဖြိုးရန်သည် အခြေခံလိုအပ်ချက်ဖြစ်သည်။ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောနိုင်ငံရေးအခြေအနေများ ဖွဲ့စည်းဖြစ်ပေါ်လာခြင်းကို ဆိုလိုခြင်းဖြစ်သည်။ သို့ဖြစ်သည့်အလျောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်လိုပါက ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေမည့် နိုင်ငံရေးကို ရရှိအောင်လုပ်ရမည်ဟုဆိုသည်။ ယင်းသို့ ဆိုသည့်တိုင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အားအနည်းဆုံးမှာလည်း နိုင်ငံရေးဖွံ့ဖြိုးမှု (political development) ပင်ဖြစ်သည်ဟု ဆိုကြသည်။
မိမိတို့နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံရေးအတွေ့အကြုံရင့်ကျက်မှုနှင့် နိုင်ငံရေးပျိုးထောင်မှု (political culture) အခြေအနေတို့ မြင့်မားရန်လိုအပ်သလို ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်သော နိုင်ငံရေးအယူအဆများနှင့် နိုင်ငံရေး ဖွဲ့စည်းမှုများလည်းရှိနေရမည်ဖြစ်သည်။ နိုင်ငံရေးပျိုးထောင်မှုဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်းရှိ လူတို့၏နိုင်ငံရေးဆိုင်ရာ သဘောထားနှင့် လက်တွေ့လုပ်ရပ်အစုအပေါင်းကို လွှမ်းခြုံခေါ်ဆို ခြင်းဖြစ်သည်။
လက်ရှိမိမိတို့နိုင်ငံသည် အပြောင်းအလဲကာလတစ်ရပ်သို့ ရောက်ရှိနေပြီး မကြာမီရက်သတ္တပတ်အနည်းငယ်အတွင်း လွှတ်တော်များနှင့် အစိုးရသစ်တစ်ရပ်တို့ ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့အတွင်း အပိုင်းလိုက်ခွဲ၍ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှုနှင့် တက်ကြွမှုတို့ကို မိမိတို့ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြရသည်။ အစွန်းရောက်အကြမ်းဖက်များ၏ ခြိမ်းခြောက်မှုနှင့် နှောင့်ယှက်ဟန့်တားမှုများကြားကပင် နိုင်ငံရေးပါတီများက စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများကလည်း နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် မိမိတို့နှစ်သက်ရာ နိုင်ငံရေးပါတီများကို စိတ်ဝင်တစားလာရောက်မဲပေးခဲ့ကြသည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိသည့်အနက် မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့ရာ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။
မဲပေးခွင့်ရှိသူ စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းတို့၏ အသက်အရွယ်အပိုင်းအခြားမှာ ၁၈ နှစ်မှ ၃၀ နှစ်ကြား ၂၄ ရာခိုင်နှုန်း၊ ၃၀ နှစ်မှ ၄၀ နှစ်ကြား ၂၁ ရာခိုင်နှုန်း၊ ၄၀ နှစ်မှ ၅၀ နှစ်ကြား ၂ဝ ရာခိုင်နှုန်း၊ ၅၀ နှစ်မှ ၆၀ နှစ်ကြား ၁၇ ရာခိုင်နှုန်း၊ ၆၀ နှစ်မှ ၇၀ နှစ်ကြား ၁၁ ရာခိုင်နှုန်း၊ ၇၀ နှစ်အထက် ၇ ရာခိုင်နှုန်းရှိရာ ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်းတွင် လူငယ်ပါဝင်မှုရာခိုင်နှုန်း မြင့်မားသကဲ့သို့ ဆန္ဒမဲပေးကြရာတွင်လည်း လူငယ်များပါဝင်မှု ရာခိုင်နှုန်းမြင့်မားခဲ့ရာ နိုင်ငံ့အရေးတွင် လူငယ်များ၏ စိတ်ဝင်စားမှုနှင့် တက်ကြွမှုတို့ကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ ယင်းအချက်က မကြာမီပေါ်ထွက်လာမည့် အစိုးရသစ်အနေဖြင့် ဆောင်ရွက်ရမည့် ပြည်သူတို့၏ မှန်ကန်သော ဆန္ဒသဘောထားဖော်ပြချက်များကို လက်တွေ့လုပ်ငန်းများအဖြစ် ပြောင်းလဲပေးနိုင်သည့် နိုင်ငံရေးယန္တရား သက်ဝင်လှုပ်ရှားလာရေးအတွက် လွန်စွာအရေးကြီးသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရနှင့်ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှုသည် မရှိလျှင်မဖြစ်လိုအပ်သကဲ့သို့ အစိုးရနှင့်ပြည်သူအကြား အပြန်အလှန်နားလည်မှုနှင့် တာဝန်ရှိမှုအမြင်များ တိုးတက်မြင့်မားရေးပေါ်တွင် အခြေခံဆောင်ရွက်သွားကြရမည်ဖြစ်ရာ နိုင်ငံအရေးတွင် တက်ကြွသည့် လူငယ်ထု၏အင်အားကို အလေးအနက်ထား၍ အကျိုးရှိရှိ၊ ထိထိရောက်ရောက် ပါဝင်ခွင့်ပေးခြင်းဖြင့် နိုင်ငံကိုအရှိန်အဟုန်ဖြင့် တည်ဆောက်ကြရပါမည့်အကြောင်း။ ။
သတင်းစာများ - ၃၄၅၅ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
