နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 04, 2025
image_latest


နေပြည်တော် ဇူလိုင် ၃

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက “နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်” ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

နွေစပါး၊ မိုးစပါးအစီအစဉ် ဆောင်ရွက်ခဲ့မှုကြောင့် မတည်ငွေကျပ်ဘီလီယံ ၂၃၀ အပေါ်တွင် စုစုပေါင်းငွေကျပ် ၇၆၇ ဒသမ ၀၅၄ ဘီလီယံကို တောင်သူများထံသို့ အရင်းမပျောက်မတည်ငွေအဖြစ် ပံ့ပိုးပေးပြီးဖြစ်ကြောင်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အစီအစဉ် ဆောင်ရွက်ခဲ့မှုကြောင့် မတည်ငွေကျပ်ဘီလီယံ ၅၆ ဒသမ ၃၁၀ အပေါ်တွင် စုစုပေါင်းငွေကျပ် ၁၁၅ ဒသမ ၂၆၉ ဘီလီယံကို တောင်သူများထံသို့ အရင်းမပျောက်မတည်ငွေအဖြစ် ပံ့ပိုးပေးပြီးဖြစ်ကြောင်း။

တောင်သူများအား သွင်းအားစုများ အချိန်ကိုက်အချိုးကျသုံးစွဲနိုင်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရန် နည်းပညာပေးလုပ်ငန်းများကို အစီအစဉ်တွင် ပါဝင်သော တောင်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ယခုအစည်းအဝေးတွင် အကြံပြုဆွေးနွေးတင်ပြကြရန် ပြောကြားသည်။

ထို့နောက် ဝန်ကြီးဌာနအသီးသီးမှ ကော်မတီဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့၊ ကုမ္ပဏီများ၊ Zoom Application ဖြင့် တက်ရောက်ကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်အစီအစဉ်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းတို့က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြကြောင်း၊ အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တောင်သူလယ်သမားအစုအဖွဲ့ သမဝါယမအသင်းများ၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူများ ပါဝင်သည့်အစုအဖွဲ့ များနှင့် သွင်းအားစုရောင်းချသူများအစုအဖွဲ့တို့က အဓိကပါဝင်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၂၁၃ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download