နိုင်ငံ၏ အထွတ်အထိပ် နိုင်ငံ၏ ဂုဏ်ကျက်သရေ
နိုင်ငံ၏ အထွတ်အထိပ် နိုင်ငံ၏ ဂုဏ်ကျက်သရေ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 06, 2026
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ်သို့ ရောက်ရှိသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပရာတွင် ရန်ကုန်မြို့ရှိ တိုင်းပြုပြည်ပြုလွှတ်တော် အဆောက်အအုံရှေ့ရှိ အလံတိုင်ထိပ်တွင် လွှင့်ထူထားသော ဗြိတိသျှယူနီယံဂျက်အလံကို တိုင်အောက်သို့ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံအလံကို တိုင်ထိပ်သို့တင်ကာ လွှင့်ထူသည်။ မိမိတို့၏နိုင်ငံ မိမိတို့ကိုယ်ပိုင်အလံကို ဤသို့လွှင့်ထူနိုင်ရန် မြန်မာတို့ ဆယ်စုနှစ်ပေါင်းများစွာ၊ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် သွေးနှင့် ချွေးတို့ ရင်းနှီးပေးဆပ်ရယူခဲ့ကြရခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံတိုင်းမှာ နိုင်ငံကိုယ်စားပြု အမျိုးသားအလံများ ကိုယ်စီရှိကြသည်။ နိုင်ငံစုံကမ္ဘာ့အဖွဲ့အစည်းကြီးဖြစ်သည့် ကုလသမဂ္ဂဌာနချုပ်အဆောက်အအုံကြီးရှေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အလံများကို လွှင့်ထူထားရာ အရောင်အသွေး၊ အဆင်သဏ္ဌာန် အမျိုးမျိုးရှိကြသော အလံတစ်စင်းစီက သက်ဆိုင်ရာနိုင်ငံများကို ကိုယ်စားပြုကြသည်။ ထို့နည်းတူစွာ နိုင်ငံတကာ ထိပ်သီးညီလာခံများ၊ နိုင်ငံတစ်ခုနှင့်တစ်ခု အကြီးအကဲချင်းတွေ့ဆုံမှုများ စသည်တို့တွင်လည်း နိုင်ငံကိုယ်စားပြုအလံများ စိုက်ထူဂုဏ်ပြုကြရသည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအလံသည် လွတ်လပ်ခြင်းနှင့် အချုပ်အခြာအာဏာ ပိုင်စိုးခြင်းတို့ကို ဖော်ပြထားခြင်းဖြစ်ရာ မိမိနိုင်ငံအလံကိုသာမက အခြားနိုင်ငံတို့၏ အလံများကိုလည်း လေးစားသမှု ပြုကြရသည်။
“နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်၏ဖြစ်တည်မှု ပထဝီဝင်အနေအထားများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့အပါအဝင် အထွတ်အမြတ်ထားရမည်များကို လေးစားတန်ဖိုးထား ချစ်မြတ်နိုးကြရန်လိုကြောင်း၊ ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ဖော်ပြချက်များအရ အချို့ရုပ်ရှင်ရုံများ၌ နိုင်ငံတော်အလံ ကိုပင် အလေးမပြုကြသူများနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်း မရှိကြသူများပင်ရှိကြသည်ဟု စိတ်မကောင်းဖြစ်ဖွယ် သိရှိရကြောင်း၊ ထိုသို့အပြုအမူများကို ကြည့်ခြင်းအားဖြင့် နိုင်ငံသားများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ် အားနည်းနေသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းကို နိုင်ငံသားများ အားလုံးအနေဖြင့် အလေးအနက်နှင့် အလေးအမြတ်ထားရန်လိုသကဲ့သို့ တိုင်းချစ်ပြည်ချစ်စိတ်များ ရှိရန်လိုကြောင်း” နိုင်ငံတော် အကြီးအကဲဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
စင်စစ်အားဖြင့် နိုင်ငံတော်အလံဆိုသည်မှာ သာမန်အထိမ်း အမှတ်တစ်ခုမျှသာမဟုတ်ဘဲ နိုင်ငံ၏အထွတ်အထိပ်၊ နိုင်ငံ၏ ဂုဏ်ကျက်သရေဖြစ်သည်။ နိုင်ငံတော်အလံကို လွှင့်ထူခြင်း၊ ကိုင်ဆောင်အသုံးပြုခြင်းတို့တွင် နည်းလမ်းတကျရှိစေရန် နိုင်ငံတော်အလံ ဥပဒေနှင့် နည်းဥပဒေတို့ကို ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အလံ၏ အောက်ခံ ဝါ၊ စိမ်း၊ နီ အရောင်တို့က မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက အသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို ကိုယ်စားပြုသည်။ အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုရှိခြင်း၊ အစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့် နိုင်ငံဖြစ်ခြင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း၊ ကြယ်၏အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရား ပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့မှ အလံများသည်လည်း ၎င်းတို့နိုင်ငံ၏ သမိုင်းကြောင်း၊ ၎င်းတို့ နိုင်ငံ၏ ဖြစ်တည်မှု၊ ၎င်းတို့နိုင်ငံ၏ ရုပ်ပိုင်းစိတ်ပိုင်းဘဝ ခံယူချက်များနှင့်အညီ နိုင်ငံကိုကိုယ်စားပြုထားကြခြင်းဖြစ်သည်။ နိုင်ငံတော်အလံဟူသည် နိုင်ငံနှင့်လူမျိုးကို ကိုယ်စားပြုထားခြင်းဖြစ်ရာ နိုင်ငံသားအားလုံးက တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်ထက်သန်စွာနှင့် နိုင်ငံကြီးသားပီသစွာဖြင့် နိုင်ငံတော်အလံကို အလေးအမြတ်ပြုကြရပါမည့် အကြောင်း။ ။
သတင်းစာများ - ၃၄၃၃ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
