နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 15, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၄

၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာအမှတ် (၃၄) အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့မျက်နှာစာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သတ်မှတ်နေရာ၌ မဟော်ဂနီပင်ကို စတင်စိုက်ပျိုးပေးပြီး (အောက်ဝဲပုံ) တက်ရောက်လာသူများက သတ်မှတ်နေရာများ၌ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ရေတမာ၊ ခရေ စသည့် ပျိုးပင်များအား အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် မိုင်တိုင် (၁၉၄/၆) အနီး Big Myanmar Co.,Ltd. ၏ မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ) အပင် ၈၀၀ စိုက်ပျိုးထားရှိမှု၊ စိန်တစ်လုံးသရက်ပင် စိုက်ပျိုးထားရှိမှုနှင့် သရက်ရွက်အစို၊ အခြောက်၊ EM နှင့် သဘာဝစွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေဆွေးပြုလုပ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲ‌ရေး၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်နှင့်အညီ ဆောင်ရွက်ကြရေးဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒက္ခိဏသီရိစက်မှုဇုန် Lucky Bag & Swallaw Plastic Trading Co.,Ltd. ၌ ဆိုလာများ တပ်ဆင်ထားရှိမှုကို ကြည့်ရှုပြီး ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး၌ စက်မှုဇုန်အတွင်း ဆိုလာစနစ်ဖြင့် စက်ရုံလည်ပတ်နေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဆိုလာစနစ်ဖြင့် လုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများကို ရှင်းလင်းတင်ပြသည်။

အားလုံးပူးပေါင်းပါဝင်

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ပသွင်းကုန်အစားထိုးပစ္စည်းများ၊ လျှပ်စစ်နှင့် စပ်ဆက်ပစ္စည်းများ၊ လယ်ယာသုံးစက်ပစ္စည်းများ စနစ်တကျထုတ်လုပ်ရေး၊ စက်ရုံများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ကြမ်းမှ ကုန်ချောအဆင့်သို့ ရောက်ရှိအောင် အရည်အသွေးပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာ‌စေရေးနှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ဒက္ခိဏ)

သတင်းစာများ - ၃၂၈၆ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download