နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာစံပြစိုက်ကွင်းနှင့် ပျဉ်းမနားမြို့နယ် မျိုးစေ့ဌာနခွဲစိုက်ကွင်းအား ကြည့်ရှုအားပေး
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာစံပြစိုက်ကွင်းနှင့် ပျဉ်းမနားမြို့နယ် မျိုးစေ့ဌာနခွဲစိုက်ကွင်းအား ကြည့်ရှုအားပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 06, 2026
နေပြည်တော် ဖေဖော်ဝါရီ ၅
စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲနှင့် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ထားသည့် ပေါင်ကြီးတင်စနစ်အပါအဝင် စပ်မျိုးပြောင်းဖူးမျိုး ၁၄ မျိုးအား အချင်းချင်းမျိုးဆက်ကူးစပ်ခြင်း ဆောင်ရွက်၍ ပြောင်းဖူးမျိုးကွဲစု(Composite) ကွန်ပိုးစစ်မျိုးများရရှိရန် မွေးမြူခြင်း၊ စိုက်ခင်း၊ နေကြာဆင်းရွှေကြာ(၂) ရွေးချယ်မျိုးကူးစိုက်ခင်း၊ ပန်းနှမ်း၊ ပဲယဉ်းနီ၊ ပဲပုပ်ရေဆင်း(၁၅) ပေါင်ဖော်ကြဲပက်စိုက်နည်းစနစ်စိုက်ခင်းများသို့ ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးပညာရပ်များကို တောင်သူများလွယ်လင့်တကူ လေ့လာနိုင်စေရေး အတွက် တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်တို့အကြား ကွက်လပ်မရှိစေရန် တောင်သူများနှင့်ထိတွေ့ပြီး စိုက်ပျိုးသုတများ ပြန့်ပွားရေးကို အားပေးမြှင့်တင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့ရှိ မျိုးစေ့ဌာနခွဲဝင်းအတွင်း၌ စမ်းသပ်စိုက်ပျိုးထား သည့်ဆင်းရွှေကြာ-၃(PRO)နေကြာမျိုးနှင့် ပြောင်းမျိုးမြှင့်တင်ခြင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး စိုက်ခင်းတာဝန်ရှိသူများအားတွေ့ဆုံ၍ “နေကြာစိုက်ပါ ပျားမွေးပါ” ဆိုသည့် ဆောင်ပုဒ်ကိုပြဋ္ဌာန်း၍ လိုက်နာဆောင်ရွက်ရေး၊ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် ပျားအပါအဝင် ဝတ်မှုန်ကူးသတ္တဝါများ၊ သားရဲအင်းဆက်များ၊ တီကောင်နှင့်အခြားမြေတွင်းအောင်းပိုးများ သေကျေပျက်စီးခြင်း၊ ဂေဟစနစ်ပျက်စီးခြင်းတို့ကို အထူးဂရု ပြုဆောင်ရွက်ကြရေးအပါအဝင် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုး ပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်း ကျောင်း(AERDTC)ခန်းမ၌ ကျင်းပသည့် ကျေးရွာ သစ်လှုပ်ရှားမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆)အား သွားရောက်အားပေးသည်။
သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကျေးရွာသစ်စီမံကိန်းဝင်ကျေးရွာများတွင် ကျေးလက်ဝိုင်ဖိုင်စနစ် ထွန်းကားရေးနှင့် ဒစ်ဂျစ်တယ်ပညာပေးစနစ်များ ထွန်းကားစေရေး အပြင် AI သုံး၍ စိုက်ပျိုးနည်းစနစ်များကို လေ့လာရန်လိုကြောင်း၊ AI နည်းစနစ်ကိုလည်း သင်တန်းတွင် သင်ခန်းစာတစ်ခုအဖြစ် ထည့်သွင်းပေးစေလိုကြောင်း၊ ကျေးရွာသစ်စီမံကိန်းဝင်ရွာများ၏ တောင်သူနည်းပညာဆွေးနွေးပွဲကို Zoom Application သုံးတတ်ရန် သင်ပေးစေလိုကြောင်း ပြောကြားသည်။
ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)ကို ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက် အထိ ငါးရက်တာ ကျင်းပမည်ဖြစ်ပြီး သင်တန်းကို ဒုတိယဝန်ကြီးနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းအုပ်ဆရာကြီးနှင့် သင်တန်းဆရာ ဆရာမများ၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိစွမ်းအားမြှင့် မီးဖိုစီမံကိန်း၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသော ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာများမှ ကျေးရွာခေါင်းဆောင်သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၅၅ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
