ပကတိအခြေအနေနှင့်ကိုက်ညီသည့် ပြည်သူများလိုလားချက်ဖော်ဆောင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 06, 2026
image_latest


မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပခဲ့ရာ နိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပရန် မြို့နယ်စုစုပေါင်း ၃၃၀ ရှိသည့် အနက်မြို့နယ် ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့်အညီ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရန် ဥပဒေနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ပေးခဲ့သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ ၂၄ သန်းရှိသည့်အနက် ပြည်သူ ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြရာ ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း မဲပေးခဲ့ကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့်ပြည်သူ ၁၁ သန်းခန့် မဲမပေးခဲ့ကြသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲမပေးကြသည့် ပြည်သူများအနေဖြင့် မိမိတို့ထောက်ခံလိုသူများမပါသဖြင့် မဲမပေးကြခြင်း၊ ဒေသလုံခြုံရေး အခြေအနေအရ မဲမပေးကြခြင်း၊ မိမိတို့၏ မဲပေးပိုင်ခွင့်ကို မသိရှိကြခြင်း သို့မဟုတ် မဆောင်ရွက်နိုင်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် မဲရုံသို့မလာရောက်နိုင်ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကျင်းပချိန်တွင် စိတ်ပါဝင်စားစွာ ပါဝင်မဲပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲအောင်မြင်အထမြောက်ခဲ့ပေသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖေဖော်ဝါရီ ၃ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား အမှာစကားပြောကြားရာတွင် “ပြည်သူများအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလိုခြင်းနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှုရှိခြင်းတို့ကို တွေ့ရကြောင်း၊ ပြည်သူများ၏ဆန္ဒကို လေးစားရမည်ဖြစ်ပြီး ပြည်သူများ၏လိုလားချက်များအတိုင်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းနှင့် မဲမသမာမှု ရလဒ်များဖြင့် အစိုးရဖွဲ့ပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းဖြင့်ရယူရန် ကြိုးပမ်းလာခြင်းကြောင့် တပ်မတော်သည် နိုင်ငံတော်ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အာဏာအတွက် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အကျိုးကို ထမ်းဆောင်ခဲ့ကြပြီး တိုင်းပြည်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီလမ်းကြောင်းကို ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြစ်စေရေး ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲများ ဆောင်ရွက်ပြီးချိန်တွင် နိုင်ငံတော်တာဝန်များကို ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခွင့်ကို ၂၀၂၃ ခုနှစ်တွင် စတင်ဆောင်ရွက်ပေးခဲ့ပြီး ပါတီဝင်များတိုးပွားရေးအတွက် စည်းရုံးရေးလုပ်ငန်းများကို ခွင့်ပြုပေးခဲ့သည်။ ပါတီစည်းရုံးရေးသည် ပြည်သူလူထုကို စည်းရုံးခြင်းပင်ဖြစ်ပြီး ပြည်သူတစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရခြင်း ဖြစ်သည်။ ပြည်သူများနှင့်ထိတွေ့မှုများသည့် ပါတီများအနေဖြင့် ပြည်သူများ၏ ထောက်ခံမှုပိုမိုရရှိခဲ့သည်။ ပါတီများသည် ပြည်သူများအား စည်းရုံးမဲဆွယ်ရာတွင် ပေးထားခဲ့သည့် ကတိကဝတ်များနှင့်အညီ ဖြစ်နိုင်သည်များကို ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာ၌ သင်ခန်းစာယူရမည့် နိုင်ငံရေးနောက်ခံ အကြောင်းတရားများ၊ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ပကတိအခြေအနေများ၊ ပထဝီဝင်အနေအထားများကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်သူများဆန္ဒဖြစ်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တပ်မတော်က ပုံဖော်လမ်းခင်းပေးခဲ့ပြီး တည့်မတ်ခိုင်မာအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ဒီမိုကရေစီနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တောင့်တင်းခိုင်မာအောင် ဆောင်ရွက်ပေးခဲ့သည်။ သို့ဖြစ်ရာ ပြည်သူများ၏ဆန္ဒနှင့် ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်လာစေရန် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီ နည်းလမ်းတကျဖော်ဆောင်ရေး၊ နိုင်ငံတော်နှင့် ဒေသအကျိုးကို ဖော်ဆောင်ရေး၊ အမျိုးဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်ရေး၊ နိုင်ငံတည်ရှိနေသရွေ့တည်တံ့ ခိုင်မြဲစွာတည်ရှိနေမည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်ရေးတို့ဖြင့် ပြည်သူများ လိုလားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

သတင်းစာများ - ၃၄၃၃ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download