ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / March 12, 2026
နေပြည်တော်၊ မတ်လ ၁၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်အတူ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မြန်မာ့မီးရထား၏ နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ Battery Electric Multiple Unit (BEMU)တည်ဆောက်နေမှု၊ ဘက်ထရီလျှပ်စစ်စက်ခေါင်း (Battery Electric Locomotive – BEL) နှင့် ဘက်ထရီတွဲ တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံသို့ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စက်ရုံအတွင်း ဘက်ထရီလျှပ်စစ် ရထားတွဲဆိုင်း (Battery Electric Multiple Unit - BEMU)တည်ဆောက်နေမှု၊ ဘက်ထရီ လျှပ်စစ်စက်ခေါင်းသစ် (Battery Electric Locomotive – BEL)နှင့် ဘက်ထရီတွဲ တည်ဆောက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်လျက်ရှိသော ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်းများ၊ ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ်များနှင့် ဘက်ထရီတွဲများကို အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးကို တာဝန်ရှိသူများအားလုံးက အထူးကြိုးပမ်းဆောင်ရွက်ရန်မှာကြားသည်။
မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံတွင် ရန်ကုန်မြို့ပတ်နှင့်ခရီးတိုလမ်းပိုင်းများတွင် အသုံးပြုရန်အတွက် ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း(BEMU)များကိုလည်းကောင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်း အသုံးပြုပြေးဆွဲသော လမ်းပိုင်းများတွင် အသုံးပြုရန်အတွက် ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ်(BEL)များနှင့် ဘက်ထရီတွဲများကိုလည်းကောင်း တည်ဆောက်လျက်ရှိပြီး စွမ်းအင်ချွေတာသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားပြည်သူများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
သတင်းစာများ - ၃၄၆၇ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
