ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 25, 2025

နေပြည်တော် စက်တင်ဘာ ၂၄
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အဖွဲ့ဝင်များ၊ ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ ပိုးသတ်ဆေးတင်သွင်းရောင်းချသူများ၊ သီးနှံတင်ပို့ရောင်းချသည့် လုပ်ငန်းရှင်နှင့် တောင်သူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပိုးသတ်ဆေးဓာတ်ကြွင်းပြဿနာများကို ဖြေရှင်းရာတွင် စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်ထုတ်လုပ်မှု အလေ့အကျင့်ကောင်းများသည် ပညာရှင်များ၊ တောင်သူများ၊ ပိုးသတ်ဆေးတင်သွင်းရောင်းချသူများ၊ သီးနှံတင်ပို့ရောင်းချသည့် လုပ်ငန်းရှင်များအားလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ကြောင်း၊ ရေရှည်တွင် သီးနှံများစိုက်ပျိုး ထုတ်လုပ်ရာ၌ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာသုံးစွဲမှုများကို လျှော့ချရန် လိုအပ်ကြောင်း ပြောကြားသည်။
စိစစ်ဆွေးနွေးတင်ပြ
ထို့နောက် အဖွဲ့အတွင်းရေးမှူးက (၄၆) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်မည့် လုပ်ငန်းစာတွဲများကို တင်ပြရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပိုးသတ်ဆေးနည်းပညာ ကော်မတီဝင်များက ပိုးသတ်ဆေး ၁၆၈ မျိုးအား မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေး စိစစ်ဆွေးနွေးတင်ပြကြ သည်။
ပိုးသတ်ဆေးဥပဒေအခန်း (၃) အရ မှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးမှတ်ပုံတင် လျှောက်ထားတင်ပြလာခြင်းများကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဆိပ်ရှိ ပစ္စည်းနှင့် စပ်လျဉ်း၍ တင်ပြရန်လိုအပ်သော အထောက်အထားအချက်အလက်များကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ် အခြေပြု၍ လူနှင့်ပတ်ဝန်းကျင်ကို အန္တရာယ်မြင့်မားစေသော ပိုးသတ်ဆေးများကို သုံးစွဲရန်ပိတ်ပင်တားဆီးခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ်သုံးစွဲစွန့်ပစ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မရှိစေရန် လိုအပ်သည့် အမိန့်၊ သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိကြောင်း၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များပါဝင်သော နည်းပညာကော်မတီက လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ်အကြံပြုခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ သီးနှံဖျက်ပိုးအပေါ် ထိရောက်စေနိုင်မှု (Efficacy) လူနှင့် အခြားအကျိုးပြုသတ္တဝါများအပေါ် အဆိပ်သင့်နိုင်မှု (Toxicity) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ် မေ ၂၉ ရက်အထိ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေး (၄၅) ကြိမ် ကျင်းပခဲ့ပြီး စုစုပေါင်းပိုးသတ်ဆေး ၄၄၉၅ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၉၆ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download