ပုဗ္ဗသီရိမြို့နယ်၌ အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထောက်၍ လုယက်မှုကျူးလွန်ခဲ့သူနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 16, 2025
image_latest


 

နေပြည်တော် အောက်တိုဘာ ၁၅

ပုဗ္ဗသီရိမြို့နယ်၌ အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထောက်၍ လုယက်မှုကျူးလွန်ခဲ့သူနှစ်ဦး ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက် ညနေ ၅ နာရီတွင် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာနေ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒေါ်ဆုမွန်ကျော် (၄၀) နှစ်သည် ရုံးအမှတ် (၄၈) မှ နေအိမ်သို့ မန္တလေးလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လည်မောင်းနှင်လာစဉ် ပုဗ္ဗသီရိမြို့နယ် ကံလှကျေးရွာအနီး ရာဇသင်္ဂဟ အိမ်ရာ(၁) အနောက်အရောက်၌ အမျိုးသားနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်မှ ၎င်းဆိုင်ကယ်အား အရှေ့မှပိတ်ရပ် တားဆီးကာ ဓားဖြင့်ထောက်၍ ၎င်းထံမှ SAMSUANG Note 10 Plus အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ပလက်တီနမ်ဆွဲကြိုး တစ်ကုံး၊ ငွေကျပ်တစ်သိန်းခွဲခန့်၊ ဝန်ထမ်းကတ်များနှင့် ATM ကတ်များထည့်ထားသည့် လက်ကိုင်အိတ်တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၈၂ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ပြစ်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ပျဉ်းမနားမြို့နယ် ရန်အောင်(၂) ရပ်ကွက်နေသူများ ဖြစ်ကြသည့် ကောင်းစံဌေး (ခ) မြတ်သူအောင် (ခ) မဲလုံးနှင့် ကိုကိုထွန်း (ခ) မဲလုံးတို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးအား လယ်ဝေးမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအနီး လမ်းမပေါ်၌ ပြစ်မှုကျူးလွန်စဉ် ၎င်းတို့ အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီး၊ ပြစ်မှုကျူးလွန်ရာမှ လုယက်ယူဆောင်ခဲ့သည့် SAMSUANG Note 10 Plus လက်ကိုင်ဖုန်းတစ်လုံး၊ မြန်မာငွေစက္ကူရောရာတစ်သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးသည် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် ချင်းရွာဘက်မှ ရေပြာကျေးရွာဘက်သို့ မန္တလေးလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင် လာစဉ် ၎င်းတို့အရှေ့မှ အမျိုးသမီးတစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်နေသည်ကို တွေ့ရှိရသဖြင့် အနောက်မှကပ်လိုက်ကာ ရာဇသင်္ဂဟအိမ်ရာ အနောက်ဘက်အရောက်၌ အဆိုပါဆိုင်ကယ်အား ဝင်တိုက်ကာ တားဆီးခဲ့ပြီး အဆိုပါအမျိုးသမီးထံမှ လက်ကိုင်အိတ်တစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆွဲကြိုးတစ်ကုံးတို့ကို ဓားထောက်လုယက်ယူဆောင်ခဲ့ကြောင်း၊ ဝေဘူလဘုန်းကြီးကျောင်းအနီး အရောက် လုယူခဲ့သည့် လက်ကိုင်အိတ်အတွင်းမှ ငွေများကို ထုတ်ယူ၍ လက်ကိုင်အိတ်အား လွှင့်ပစ်ကာ ကောင်းစံဌေး (ခ) မြတ်သူအောင် (ခ) မဲလုံးမှ ဆွဲကြိုးနှင့် ငွေကျပ် ၅၀၀၀၀ အား လည်းကောင်း၊ ကိုကိုထွန်း (ခ) မဲလုံးမှ လက်ကိုင်ဖုန်းနှင့် ငွေကျပ် ၅၀၀၀၀ အားလည်းကောင်း ခွဲဝေယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် ကောင်းစံဌေး (ခ) မြတ်သူအောင် (ခ) မဲလုံးနှင့် ကိုကိုထွန်း (ခ) မဲလုံး တို့အား ကွင်းဆက်ပြစ်မှုများရှိ/မရှိ ဖော်ထုတ်စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်းရန်ကျန်သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၂၀ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download