ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အငြိမ်းစားကျောင်းဆရာမကြီး တစ်ဦး သေဆုံးကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၂၀ ကျော် ပိတ်ထားရကြောင်း သတင်းတု၊ သတင်းမှားများ တစ်ဖက်သတ်စွပ်စွဲ ရေးသားဝါဒဖြန့်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 26, 2025


     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အငြိမ်းစားကျောင်းဆရာမကြီး တစ်ဦး သေဆုံးကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၂၀ ကျော် ပိတ်ထားရသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းမှားများ တစ်ဖက်သတ်စွပ်စွဲရေးသားပြီး လှုံ့ဆော်၊ ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

     ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းအမှန်သိရှိနိုင်ရေး စိစစ်ခဲ့ရာ မင်းလှမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိကြောင်းနှင့် မင်းလှမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ၁၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၃၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၀၇ ကျောင်း၊ စုစုပေါင်း ၁၅၅ ကျောင်းရှိသည့်အနက် အခြေခံပညာမူလတန်းကျောင်း(ဆားချောင်းလေး)သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှစ၍ လုံခြုံရေးအခြေအနေအရလည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(ကျွန်းကုန်း)သည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ မရှိသဖြင့်လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိဘဲ ပိတ်ထားလျက်ရှိပြီး ကျန်အခြေခံပညာစာသင်ကျောင်း ၁၅၃ ကျောင်းမှာ ပုံမှန်ဖွင့်လှစ်လျက် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။ 

     တရားမဝင် ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်မြင်လွဲမှားစေရန် သတင်းတု၊ သတင်းမှားများဖြင့် လုပ်ကြံရေးသားပြီး လှုံ့ဆော်၊ ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရသည်။

သတင်းစာများ - ၃၂၀၅ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download