ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၌ ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 20, 2026


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၌ ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ 

     ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် ည ၁၂ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ အထက်ကျုံပါကျေးရွာရှိ မြေကွက်လပ်၌ အရှေ့တံခွန်တိုင်ကျေးရွာနေ ဦးဝင်းထိုက်(ခ)ပဲဘော(၄၀)နှစ် ဦးဆောင်၍ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ခြောက်ကောင်ဂျင်(ဒိုင်)ဖြစ်သူ ကျိုက်ထိုမြို့နယ်၊ သမလရပ်ကွက်နေ ဒေါ်စန်းဝင်း(၆၄)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မသီရိစံ (၂၈) နှစ်၊ လောင်းကစားပြုလုပ်သူ အထက်ကျုံပါကျေးရွာနေ ဦးဖိုးမင်း(ဖ)ဖုန်းမြတ်(၅၀)နှစ်တို့အား ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက် စပ်ပစ္စည်းများ၊ ဆိုင်ကယ်မျိုးစုံ ၄၅ စီး၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စန်းဝင်း၊ သီရိစံ၊ ဖိုးမင်း(ခ)ဖုန်းမြတ်နှင့် ဝင်းထိုက်(ခ)ပဲဘော(ဖမ်းဆီးရန်ကျန်)တို့အား သနပ်ပင်မြို့မရဲစခန်း (ပ)၃၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့် လည်းကောင်း။

     အလားတူ အဆိုပါမြေကွက်လပ်၌ ခြောက်ကောင်ဂျင်(ဒိုင်)ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာနေ ဦးဇော်မင်းဦး(၄၈)နှစ်နှင့် လောင်းက စားပြုလုပ်သူ တောင်သူစုကျေးရွာနေ ဦးစိုးမိုးကျော်(၃၈)နှစ်တို့ နှစ်ဦးအား ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇော်မင်းဦး၊ စိုးမိုးကျော်နှင့် ဝင်းထိုက်(ခ)ပဲဘော(ဖမ်းဆီးရန်ကျန်)တို့အား သနပ်ပင်မြို့မရဲစခန်း (ပ)၃၈/ ၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့် လည်းကောင်း။

     အလားတူ အဆိုပါမြေကွက်လပ်၌ ခြောက်ကောင်ဂျင်(ဒိုင်)ဖြစ်သူ အထက်ကျုံပါကျေးရွာနေ ဒေါ်တင်ဝင်း(၅၂)နှစ်အား ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်ရာ တွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တင်ဝင်းနှင့် ဝင်းထိုက်(ခ)ပဲဘော(ဖမ်းဆီးရန်ကျန်)တို့အား သနပ် ပင်မြို့မရဲစခန်း (ပ)၃၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့် လည်းကောင်း။ 

     ထို့အတူ အဆိုပါမြေကွက်လပ်၌ ခြောက်ကောင်ဂျင်(ဒိုင်)ဖြစ်သူ အရှေ့တံခွန်တိုင်ကျေးရွာနေ ဦးမောင်ကြီး(၅၀)နှစ်နှင့် ဝမ်းဘဲအင်းကျေးရွာနေ ဒေါ်ချိုမာ(၅၄)နှစ်တို့ နှစ်ဦးအား ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မောင်ကြီး၊ ချိုမာနှင့် ဝင်းထိုက်(ခ)ပဲဘော(ဖမ်းဆီးရန်ကျန်)တို့အား သနပ်ပင်မြို့မရဲစခန်း (ပ)၄၀/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်းနှင့် တရားခံ ဝင်းထိုက်(ခ)ပဲဘော အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၅၀၁ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download