ပြည်တွင်းစျေးကွက်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေမှုများအား အရေးယူဆောင်ရွက်သွားမည်
ပြည်တွင်းစျေးကွက်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေမှုများအား အရေးယူဆောင်ရွက်သွားမည်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 27, 2025
နေပြည်တော် ဧပြီ ၂၆
မတ် ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် စသည့်ဒေသခြောက်ခု၌ လူနေအိမ်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။
အဆိုပါ ငလျင်ဒဏ်သင့်ဒေသများတွင် အများပြည်သူ၊ ဌာနဆိုင်ရာများက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ဝိသမစီးပွားရေးလုပ်ငန်းရှင်အချို့မှာ ၎င်းတို့၏ကိုယ်ကျိုးစီးပွားကိုရှေးရှုပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ ပြုလုပ်လာကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများက ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ အရောင်းဆိုင်များအား ဧပြီ ၅ ရက်မှ ၁၂ ရက်အတွင်း ခေါ်ယူတွေ့ဆုံကာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် သတိပေးပြောကြားခဲ့ပြီး ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
သို့ရာတွင် အချို့သောစီးပွားရေး လုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်မှုမရှိဘဲ မတော်လောဘဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရှိရသဖြင့် ငလျင်ဒဏ်သင့်ဒေသများအပါအဝင် မြို့ကြီးအချို့၌ ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်/သိုလှောင်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချ သည့်ကုမ္ပဏီများကို တာဝန်ရှိသူများက ဧပြီ ၂၃ ရက်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
စစ်ဆေးတွေ့ရှိချက်များအရ ဘိလပ်မြေတံဆိပ်အမျိုးမျိုးကို ဝယ်ရင်းဈေးထက် အဆမတန် အမြတ်ယူရောင်းချလျက်ရှိသည့် ဆိုင် ၆၂ ဆိုင်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် တည်ဆဲဥပဒေများနှင့်အညီ အမှုဖွင့်လှစ်၍ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ စားသောက်ကုန်နှင့်လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များအနေဖြင့် အများပြည်သူအခက်အခဲဒုက္ခများ ကြုံတွေ့နေရသည်ကို အခွင့်ကောင်းယူကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မိဘပြည်သူများအနေဖြင့် ထိုကဲ့သို့ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေသည့်သတင်းများ သိရှိရပါက တာဝန်ရှိအုပ်ချုပ်ရေးအဖွဲ့အစည်းများထံသို့ သတင်းပေးပို့နိုင်ပါရန် အသိပေး သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၃၇ ခု
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
