ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 15, 2025
နေပြည်တော် နိုဝင်ဘာ ၁၄
ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဒေါ်စောယုမာက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၄ ရက်ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လေးစားအပ်ပါသော မိဘပြည်သူများမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်မကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ (Union Peace & Unity Party - UPUP) ဥက္ကဋ္ဌ ဒေါ်စောယုမာ ဖြစ်ပါတယ်။
ကျွန်မတို့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ၊ Union Peace & Unity Party (UPUP)သည် စည်းစနစ်ကျနသော ဖွဲ့စည်းပုံစည်းမျဉ်း(Systemmatic)နှင့် မူဝါဒလုပ်ငန်းစဉ်များ အတိအကျရှိသော (Programmatic)တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီတစ်ရပ်ဖြစ်ပါတယ်။ ပါတီ၏ ဆောင်ပုဒ်များဖြစ်တဲ့ "Universal Basic Service" (လူတိုင်းအတွက်အခြေခံဝန်ဆောင်မှု)နှင့် ပါတီ၏စံ မှန်(၅)မှန်ဖြစ်သော လူမှန်၊ နေရာမှန်၊ စနစ်မှန်၊ သဘောတရားမှန်၊ ပြည်သူ့အတွက်မှန်ဆိုတဲ့ ဆောင်ပုဒ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော အနာဂတ်တွင်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ရပ် ဖော်ဆောင်နိုင်ရန်အတွက် ပါတီမှချမှတ်ထားတဲ့ မူဝါဒများနှင့် အခြေခံသဘောတရားလုပ်ငန်းစဉ်များကို ပြည်သူများသို့ သိရှိစေရန်အတွက် အသိပေးကြေညာအပ်ပါတယ်။
ယနေ့အချိန်အခါဟာ နည်းပညာခေတ်ဖြစ်သည်နှင့်အညီ AI နည်းပညာများ တိုးတက်ပေါ်ထွက်လာလျက်ရှိသည့်အတွက် ကမ္ဘာပေါ်မှာလာမည့်(၁၀)စုနှစ်အတွင်း အလုပ်အကိုင်ရှားပါးမှု၊ အလုပ်လက်မဲ့လူတန်းစားတစ်ရပ်ပေါ်ထွက်လာနိုင်ဖွယ် မြင်တွေ့နေရပါသည်။ အနာဂတ်သို့ ရည်မှန်း၍ လူထုအတွက် "Universal Basic Service" လူတိုင်းအတွက် အခြေခံဝန်ဆောင်မှုအဖြစ် နိုင်ငံသားတိုင်းအတွက် အခမဲ့ပညာရေး၊ အခမဲ့ကျန်းမာရေး၊ အခမဲ့သယ်ယူပို့ဆောင်ရေး ဖော်ဆောင်ပေးနိုင်ရမယ်လို့ ရည်မှန်းချက်ထားရှိပါတယ်။
ကျွန်မတို့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီဟာ သမိုင်းပေးလိုအပ်ချက်အရ သမိုင်းပေးတာဝန်တစ်ရပ် ဖော်ဆောင်ရန်အတွက် ပေါ်ထွက်လာသော လူထုလူတန်းစားအလွှာစုံပါဝင်ပြီး အမျိုးသားရေးကိုအခြေခံ၍ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားကာ နိုင်ငံတော်၏ကဏ္ဍစုံကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့်လူထုအခြေပြု(ကိုယ်စားပြု) နိုင်ငံရေး ပါတီတစ်ရပ်ဖြစ်ပါတယ်။
ပါတီက သတ်မှတ်ထားရှိသော နိုင်ငံရေးမူဝါဒများမှာ
ပင်မနိုင်ငံရေးမူဝါဒကြီး (၄)ခုဖြစ်သော (Liberalism, Progressivism, Conservatism, Nationalism) တို့အနက် ဝါဒတစ်ခုထဲကို တစ်သမတ်တည်းလက်ကိုင်ထားမကျင့်သုံးဘဲ မိမိနိုင်ငံရဲ့ လူမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ပထဝီအခြေအနေ၊ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ပကတိအခြေအနေတို့အပေါ်မူတည်ပြီး အခြေအနေနှင့် အချိန်အခါအလျောက် လိုက်လျောညီထွေစွာ အံဝင်ခွင်ကျဖြစ်အောင် လိမ္မာပါးနပ်စွာဖြင့် မည်သည့်ဝါဒကိုမျှ အစွန်းမရောက်စေဘဲ လိုအပ်သလို ထည့်သွင်းကျင့်သုံးသွားပါမယ်။
ပါတီနှင့်လူပုဂ္ဂိုလ်ယှဉ်ပါက ပါတီကိုရွေးချယ်ရမည်ဖြစ်ပြီး ပါတီနှင့် နိုင်ငံကို ယှဉ်ပြီးရွေးချယ်ရပါက နိုင်ငံ့အရေးကိုသာ ရွေးချယ်ရမှာဖြစ်ပါတယ်။
ပါတီတွင်း ဒီမိုကရေစီရှင်သန်ရေးဟာ ပါတီ၏အသက်ဝိညာဉ်သွေးကြောအဖြစ် သဘောထားကာ အလေးထားဆောင်ရွက်သွားပါမယ်။ (Collective Leadership Style) စုပေါင်းခေါင်းဆောင်မှုပုံစံဖြင့် ပါတီကိုတည်ဆောက်သွားပါမယ်။
လူထုကိုယ်စားပြုပါတီတစ်ရပ်ဖြစ်ပေါ်စေရန်အတွက် ပါတီတွင်းအုပ်စုဖွဲ့မှု၊ လူပုဂ္ဂိုလ်ကိုးကွယ်မှု (Personality Cult)၊ ပါတီတွင်း ဗျူရိုကရက်တစ်များ မပေါ်ပေါက်စေရေး၊ ပါတီတွင်းဆွေမျိုး မိတ်ဆွေကောင်းစားရေးဝါဒ (Political Nepotism) မကျင့်သုံးစေရေးပါတီတွင်း စည်းမျဉ်းစည်းကမ်းများ ပါတီ၏ (Rule & Regulation) တိကျစွာလိုက်နာဆောင်ရွက်ရေး၊ ပါတီခေါင်းဆောင်နေရာအားလည်း နိုင်ငံရေးအမွေဆက်ခံမှုပုံစံမဖြစ်စေရေးတို့ကို စနစ်တကျ ကာကွယ်တားဆီးသွားမှာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ စီးပွားရေးအရလည်း အဆင်ပြေမယ့်စိမ်းလန်းသည့်မူဝါဒများ (Green Policies)များ ချမှတ်ဆောင်ရွက်ပါမယ်။
ပါတီ၏ အခြေခံသဘောတရားများမှာ
နိုင်ငံရေးတွင် ထာဝရရန်သူမရှိသလို၊ ထာဝရမိတ်ဆွေမရှိဘဲ နိုင်ငံ့အကျိုးစီးပွားသာ ထာဝရဖြစ်သည်။ ဒါကြောင့် နိုင်ငံ့အရေးနှင့်ပတ်သက်လာလျှင် အမျိုးသားအကျိုးစီးပွားကို အဓိကထားကာကွယ်သွားပါမယ်။
“စစ်ဘောင်ကျယ်လျှင် နိုင်ငံရေးဘောင်ကျဉ်းမယ်၊ နိုင်ငံရေးဘောင်ကျယ်လျှင် စစ်ဘောင်ကျဉ်းမယ်” ဆိုသော ဥပဒေသအရ နိုင်ငံရေးအင်အားစုများ အားကောင်းအောင် ကြိုးစားဆောင်ရွက်သွားပါမယ်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းစေရန်နှင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် မျှော်ကိုးပြီး နိုင်ငံတစ်ခုမှာ တပ်မတော်တစ်ခုပဲရှိရမည်(One Country One Army) ဆိုသော ဥပဒေသအတိုင်း မြန်မာ့တပ်မတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အင်အားတောင့်တင်းခိုင်မာလာစေရေး၊ စွမ်းရည်ထက်မြက်လာစေရေး ပါတီအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်သွားပါမယ်။
အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်တို့ကိုအခြေခံကာ ယဉ်ကျေးသိမ်မွေ့စွာနဲ့ ဖော်ဆောင်ရမယ့် ဒီမိုကရေစီစနစ် ထွန်းကားပြန့်ပွားစေရန်နှင့် ဒီမိုကရေစီသဘောတရားများ၊ အနှစ်သာရများကို တန်ဖိုးထားလေးစားမြတ်နိုးပြီး အမြစ်တွယ်ရှင်သန်လာစေရန် ကြိုးပမ်းဆောင်ရွက်ဖော်ဆောင်မယ့် နိုင်ငံရေးသမားကောင်းများ ပေါ်ထွက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
လုပ်ငန်းစဉ်များအနေဖြင့် မြန်မာနိုင်ငံတွင် ကျေးလက်နေလူတန်းစားနှင့် အခြေခံလူတန်းစား (၇၀)ရာခိုင်နှုန်းရှိသော ပြည်သူများအတွက် ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ဈေးကွက်စီးပွားရေးစနစ်မှာ လွတ်လပ်စွာပါဝင်နိုင်ခွင့်၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကိုတိုးမြှင့်ရေး၊ ပြည်သူလူထု၏ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနိမ့်ပါးမှု၊ အသိဉာဏ်စဉ်းစားတွေးခေါ်မှု နိမ့်ကျလာခြင်းတို့မှကာကွယ်၍ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကဖြစ်သော လယ်ယာကဏ္ဍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ ကျေးလက်သမဝါယမ၊ အလုပ်သမားရေးရာ၊ ရွှေ့ပြောင်းလုပ်သား၊ SME, MSME လုပ်ငန်းရှင်များ၊ တတ်သိပညာရှင်၊ နည်းပညာရှင်များ စသော ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ပြည်သူ့အသံ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံသားတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်ကိုယ်ပိုင်အတွေးအခေါ်၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုပိုင်ခွင့်များရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
နိုင်ငံသားတိုင်းဟာ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ ဘာသာရေးခုတုံးလုပ်မှု၊ အမျိုးသားရေးအစွန်းရောက်မှု၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတို့မှစိုးရိမ်ရန်မရှိဘဲ လုံခြုံစိတ်ချအေးချမ်းစွာနေထိုင်နိုင်မယ့် ဥပဒေအကာအကွယ်များရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
နိုင်ငံတကာနှင့် ဆက်ဆံရေးမူဝါဒတစ်ရပ် ရေးဆွဲချမှတ်ဆောင်ရွက်ရန်နှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိစေရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ကလေးသူငယ်များ၊ မိဘမဲ့လေလွင့်ကလေးများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အားနည်းသူများနှင့် ထိခိုက်နစ်နာသူများအတွက် စားဝတ်နေရေးကာကွယ်စောင့်ရှောက်ရေး အစီအမံများ ထားရှိဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
မြန်မာ့သမိုင်းတွင် မှားယွင်းခဲ့သောလုပ်ငန်းစဉ်များဖြစ်စဉ်များမှ သင်ခန်းစာယူပြီး မှန်ကန်ကောင်းမွန်သောအရာများကို အတုယူပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ လူငယ်တို့ရဲ့အစွမ်းကိုဖော်ပြဖို့ "UPUP" ဝင်ကြစို့၊ အမျိုးသမီးစွမ်းဆောင်ရှင်များကို ဖော်ထုတ်ပေးမှာ "UPUP" ပါတီသာဖြစ်ကြောင်းနှင့် နိုင်ငံတော်၏အနာဂတ်ကိုပြောင်းလဲဖို့ "UPUP" ကို မဲပေးကြပါစို့ မိဘပြည်သူများကို တိုက်တွန်းပြောကြားလိုပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီဟာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးတည်ဆောက်ရေး၊ နိုင်ငံတော်၏ အရေး(၃)ပါးဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် ကျွန်မတို့ "UPUP" ပါတီဝင်တိုင်းမှ အသက်ကိုပဓာနမထားဘဲ အဆုံးထိပေးဆပ်ကာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ပါတီ၏ သီချင်းစာသား
အတောင်ပံဖြန့်ကာ ပျံသန်းမည်
(ယူပီယူပီ ယူပီယူပီ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ သမိုင်းတစ်ခေတ် ဆန်းသစ် ယူပီယူပီ လူမှန် နေရာမှန် စနစ်မှန် သဘောတရားမှန် ပြည်သူ့အတွက် မှန်နေစေပါမည်။ စုပေါင်းခေါင်းဆောင်မှုနှင့် အရှေ့သို့လှမ်းချီ ချိုးဖြူငှက်ပုံ အမှတ်နဲ့ ညီညွတ်ခြင်းရဲ့အင်အားပြောင်းလဲချင်တဲ့စနစ်များ စုပေါင်းခေါင်းဆောင်မှုနဲ့ အတောင်ပံကိုဖြန့်ကာပျံသန်းမည် ယူပီယူပီ ယူပီယူပီ ယူပီယူပီ ယူပီယူပီ ယူပီယူပီ ယူပီယူပီ ယူပီယူပီ ယူပီယူပီ) J
သတင်းစာများ - ၃၃၅၀ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
