ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / February 04, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်းအနီး ရင်ပြင် ကျယ်၌ ကျင်းပခဲ့သည်။

ထမနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာကောင်းကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်းတစ်ဦးနှင့် တစ်ဦး ချစ်ခင်စွာဖြင့် စည်းလုံးညီညွတ်စွာ အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ယနေ့ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ထမနဲထိုးခြင်းသည် ၁၂ လရာသီပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာ့စိတ်ရင်းအလှနှင့် စုပေါင်းညီညာအောင်ကြောင်းဖြာသောသရုပ်‌ကို ဖော်‌ဆောင်ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အောင်မြင်မှု ရရှိစေရန် စနစ်တကျပြင်ဆင်ခြင်း၊ စုဖွဲ့ခြင်း၊ Creative Thinking ဖြင့် ဆောင်ရွက်ကြခြင်း၊ အလှဆင် ကြခြင်းစသည့် ပြင်ဆင်မှုအပိုင်းတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရပါကြောင်း၊ စည်းလုံးညီညွတ်မှု၊ စိတ်ပျော်ရွှင်လန်းဆန်းမှုကို ဖြစ်စေသည့် ရိုးရာဓလေ့ပွဲတော် ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းသားများအနေဖြင့် ချမှတ်ထားသည့်စည်းကမ်းများကို သေချာစွာ သိရှိလိုက်နာပြီး ဇွဲ၊ လုံ့လ၊ အားမာန်အပြည့်ဖြင့် သန့်သန့်ရှင်းရှင်း၊ စည်းစည်းလုံးလုံး တက်ကြွပျော်ရွှင် စွာ ယှဉ်ပြိုင်ဆင်နွှဲကြစေ လိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့၊ စစ်ဆေးရေးဦးစီးဌာန၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာနနှင့်စီမံရေးရာဦးစီးဌာနတို့မှ အသင်း (၄) သင်းတို့၏ ထမနဲထိုးယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ထမ်းမိသားစုများ စုပေါင်းထမနဲထိုး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်အတူ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ ဝန်ထမ်းများကလည်း မြန်မာ့ရိုးရာဓလေ့ဖြစ်သည့် ထမနဲထိုးပွဲကို ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင် တန်းကျောင်း‌၌ ကျင်းပကြောင်း သိရှိရသည်။

သတင်းစာများ - ၃၄၅၅ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download