ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၆) ကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / May 22, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဉ်(၁/၂၀၂၆)ကို ၂၀၂၆ ခုနှစ် မေလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့ တို့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက အမှာစကားပြောကြား ရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန် စေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ချမှတ် ထားသောဆောင်ပုဒ်များဖြစ်သည့် “နိုင်ငံတော်ရွှေသီးဖို့ကုန်ထုတ်လုပ်မှုအားပေးစို့” “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကြစို့”‌ဆိုသည့်ဆောင်ပုဒ်များနှင့်အညီ သက်ဆိုင်ရာလုပ်ငန်း၊ ဌာနအဖွဲ့အစည်းများ၏လုပ်ငန်း ဆောင်ရွက်မှုအပေါ်စစ်ဆေးခြင်းသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခြင်းဆိုသည့် ပင်မလုပ်ငန်းတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်ပါကြောင်းနှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမို တိုးတက်စေရန် ထိန်းကျောင်းမှုပေးသည့် အခန်းကဏ္ဍအနေဖြင့်ရှိနေသည့်အတွက် ဌာန၊ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် ပြည်သူ့အကျိုးကို ဦးတည်ပြီး အမှန်တကယ် ထိရောက်အောင်မြင်မှု ရှိ မရှိ ၊ စွမ်းဆောင်ရည်ပြည့်ဝစွာ စီမံခန့်ခွဲဆောင်ရွက်နိုင်မှု ရှိ မရှိ သာမက ဘဏ္ဍာရေးရှုထောင့်၊ လိုက်နာဆောင်ရွက်မှုရှုထောင့်၊ လုပ်ငန်းဆောင်ရွက်မှုရှုထောင့် များအမြင်ဖြင့် အကဲဖြတ်စစ်ဆေးပြီး အစီရင်ခံစာရေးသား၍ အပြုသဘောဆောင်သည့် အကြံဉာဏ်ကောင်းများပေးနိုင်သော ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်အဖြစ် အစဉ်ရပ်တည်နိုင် စေရေး ပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ဒေသစာရင်းစစ်ရုံးများ အနေဖြင့် စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာစာရင်းစစ်စံနှုန်းများနှင့် အညီ လွတ်လပ်မှုနှင့်ပညာရပ်ဆိုင်ရာကျင့်ဝတ်များကို ထိန်းသိမ်း၍ အရည်အသွေးမြင့်မားသော စစ်ဆေးရေးအစီရင်ခံစာများ ထုတ်ပြန်နိုင်ရေးကို အလေးထားဆောင်ရွက်ပေးကြရန်လိုအပ်ပါ ကြောင်း၊

ယခုကာလတွင် ဦးစားပေး‌ဆောင်ရွက်ရမည်မှာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာ ကြားချက်များအ‌ပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်း စစ်ချုပ်ရုံးများမှ ချမှတ်ထားသည့် မဟာဗျူဟာလုပ်ငန်းစီမံချက်နှင့်အညီ ရေးဆွဲထားသည့် ရက် ၁၀၀ စီမံချက်ပါ ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဆေးအစီရင်ခံစာ တင်ပြမှုဆိုင်ရာများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများကို ရုံးချုပ်နှင့်အတူ အောင်မြင်စွာပေါင်းစပ်ဆောင်ရွက်နိုင်စေရေး ကြီးကြပ်‌ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊

ကျင့်ဝတ်သိက္ခာစောင့်ထိန်းလိုက်နာမှုသည် အဖွဲ့အစည်း၏ အောင်မြင်မှုနှင့် တိုက်ရိုက်သက် ရောက်သဖြင့် အထူးအလေးထားလိုက်နာကြရမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် လက်တွေ့ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဖြေရှင်းရန်လိုအပ်သည့်ကိစ္စရပ်များနှင့် အဖွဲ့အစည်း၏ လုပ်ငန်းတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် အပြုသဘောဆောင်သည့် အကြံပြုချက်များကို ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်များက စစ်ဆေးခြင်းဆိုင်ရာ၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲခြင်းနှင့်လေ့ကျင့်သင်ကြားခြင်းဆိုင်ရာများ၊ တွေ့ကြုံရသည့် အခက်အခဲ၊ ဖြေရှင်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်များက အသီးသီးဆက်လက်ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့ အမြဲတမ်းအတွင်းဝန်နှင့်သက်ဆိုင်ရာဦးစီး ဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက စစ်ဆေးရေး ၊ စီမံ ခန့်ခွဲမှုနှင့် ဝန်ထမ်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယစာရင်းစစ်ချုပ် ဒေါ်ခိုင်ခိုင်အောင်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုစာရင်း စစ်ချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား၍

ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်း စစ်ချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး(၁၃)ရုံးနှင့် နေပြည်တော်စာရင်းစစ်ရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက နဝရတ်ခန်းမတွင်လည်းကောင်း၊ ချင်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ စာရင်း စစ်ချုပ်၊ ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူ များက Online ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြသည်။

သတင်းစာများ - ၃၅၃၃ ခု

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download