ပြည်ထောင်စုစာရင်းစစ်ချုပ်ဒေါက်တာခင်နိုင်ဦး၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းသားသမီးများအားမြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှလှူဒါန်းသောကျောင်းသုံးဗလာစာအုပ်များနှင့်ပညာရေးအလှူငွေပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်ခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ဒေါက်တာခင်နိုင်ဦး၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းသားသမီးများအားမြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှလှူဒါန်းသောကျောင်းသုံးဗလာစာအုပ်များနှင့်ပညာရေးအလှူငွေပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်ခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / July 30, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများရှိ ဝန်ထမ်းသားသမီးများအတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ လှူဒါန်းသည့်ကျောင်းသုံးဗလာစာအုပ်များနှင့်ပညာရေး အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တက်ရောက်လက်ခံခဲ့သည်။
ဦးစွာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးက လှူဒါန်းရခြင်း ရည်ရွယ် ချက်နှင့်စပ်လျဥ်းသည့် အမှာစကားကို Online မှ တက်ရောက်ပြောကြားပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသားသမီးများအတွက် ကျောင်းသုံး ဗလာစာအုပ်ဒါဇင် ၁၀၀ နှင့် ပညာရေးအလှူငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းခဲ့ကြသော အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ရာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းကိုယ်စား အမြဲတမ်းအတွင်းဝန်က လက်ခံရယူခဲ့သည်။
ထို့နောက် ဒုတိယစာရင်းစစ်ချုပ်က မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများက ပေးအပ်လှူဒါန်းသည့် ပညာရေးအလှူငွေအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို အလှူရှင်များကိုယ်စား ဦးစီးဌာနများရှိ ညွှန်ကြားရေးမှူးချုပ်များက လက်ခံ ရယူခဲ့သည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊အမြဲတမ်းအတွင်းဝန် နှင့်ညွှန်ကြားရေးမှူးချုပ်များက ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်များကို လှူဒါန်းရရှိသော ကျောင်းသုံးဗလာစာအုပ်များနှင့် ပညာရေးအလှူငွေများ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား NaypyiTaw State Polytechnic University တွင် ပညာသင်ကြားလျက်ရှိသည့် ပထမနှစ် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများဖြစ် သည့် တက္ကသိုလ်တက်ရောက်သူ (၅) ဦး၊ အထက်တန်း တက်ရောက်သူ (၁၆) ဦး၊ အလယ် တန်း တက်ရောက်သူ (၃၁) ဦး၊ မူလတန်း တက်ရောက်သူ (၇၆) ဦး စုစုပေါင်း (၁၂၈) ဦး အတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ပညာရေးအလှူငွေကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာဒေါ်ခင်နိုင်ဦး၊ ဒုတိယစာရင်း စစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးက Online ဖြင့် တက်ရောက်ခဲ့သည်။
သတင်းစာများ - ၃၂၄၀ ခု

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
