ပြည်ထောင်စုနယ်မြေ နေပြည်တော် အသားကဏ္ဍတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 01, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုနယ်မြေ နေပြည်တော် အသားကဏ္ဍတိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာရှိ အလုံပိတ် အအေးခန်းစနစ်ဖြင့် မွေးမြူသည့် အသားတိုးဝက်မွေးမြူရေးခြံသို့ သွားရောက်စစ်ဆေးသည်။

ဦးစွာ မွေးမြူရေးတာဝန်ခံက Closed house type and evaporated cooling system (အလုံပိတ်အအေးစနစ်) ဖြင့် အသားတိုးဝက်ကောင်ရေ ၃၆၁၁ ကောင် မွေးမြူထားရှိမှု၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးများသို့ ဖြန့်ဖြူး ပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဇီဝလုံခြုံရေးအလေးထားဆောင်ရွက်ကြရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေးနှင့် ကာကွယ်ဆေးများ စနစ်တကျထိုးနှံကြရန်မှာကြားပြီး အလုံပိတ်အအေးစနစ်ဖြင့် အသားတိုးဝက်များ မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ဇီးရိုင်းကျေးရွာရှိ ရာဇာနိုင် မွေးမြူရေးအကျိုးဆောင်လုပ်ငန်း၊ အသားတိုးကြက်မွေးမြူ ရေးခြံသို့ရောက်ရှိရာ တာဝန်ရှိသူများက အသားတိုးကြက်အကောင် ရေ ၂၇၀၀၀ မွေးမြူထားရှိမှုနှင့် အသားတိုးနွား ၈၄ ကောင် မွေးမြူထားရှိမှု၊ ဒေသတွင်းဖြန့်ဖြူးပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အသားတိုးကြက် မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရန်အတွက် ဒေသနေမွေးမြူရေး တောင်သူများအား လက်တွဲခေါ်ယူကြရန် မှာကြားသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာ ဒို့မြန်မာအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အသားတိုး နွားမွေးမြူရေးခြံတွင် ခြံတာဝန်ခံက လက်ရှိနွားအကောင်ရေ ၄၇၃ ကောင် မွေးမြူထားပြီး စီမံကိန်းပြီးစီးပါက နွားအကောင်ရေ ၅၀၀၀ မွေးမြူနိုင်ရေး ဆောင်ရွက် နေမှု၊ နွားစာမြက်စိုက်ပျိုးထားရှိမှုနှင့် စားကျက်စိုက်ခင်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ဒေသဝမ်းစာဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာရန်လိုအပ်ကြောင်း၊ အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှု အပါအဝင်မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန်မှာကြားပြီး အသားတိုးနွား မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပရေးပြခန်းနေရာချထားရေးနှင့် ခင်းကျင်းပြသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးသည် ပြခန်းများတည်ဆောက်ပြီးစီးမှုများကို သွားရောက်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကုမ္ပဏီပြခန်းများ နေရာချထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေးနှင့် နေရာချထားမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၂၈ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download