ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 19, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၇ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ စီလမ်းဆုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဒက္ခိဏသီရိမြို့မရဲစ ခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်မြို့မှ နေပြည်တော်ဘက်သို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တံတားဦးရပ်ကွက်နေ ဦးရဲမင်း(၄၃)နှစ် မောင်းနှင်လာသည့် MDY-12/5C-XXXX MITSUBISHI PAJERO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရဲမင်း အား ဒက္ခိဏသီရိမြို့မရဲစခန်း (ပ)၂၀/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် လားရှိုးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အထက်မန်အိုင်လမ်းအရောက်၌ အဆိုပါရပ်ကွက်နေ မေနှင်းထွေး(၃၈)နှစ် မောင်းနှင်လာသည့် SHN-38/3P-XXXX HONDA INSIGHT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မေနှင်းထွေး အား လားရှိုးမြို့မရဲစခန်း (ပ)၁၁၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မြစ်ကြီးနားမြို့နယ်၊ ပိတောက်မြိုင်ကျေးရွာနေ မဂျာမွန်းပန်(၂၉)နှစ်၏နေအိမ်ခြံဝင်းအတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ်များထားရှိကာ အရောင်းအဝယ် ပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါခြံဝင်းအတွင်း၌ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့် လိုင်စင်မဲ့ BGO-3/1M-XXXX HONDA FIT မော်တော်ယာဉ် တစ်စီး၊ SHN-8/3N-XXXX HONDA FIT မော်တော်ယာဉ် တစ်စီး၊ MDY/1K-XXXX GRANDIS မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဂျာမွန်းပန် အား ပလနနယ်မြေရဲစခန်း (ပ)၃၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
ထို့အတူ ည ၇ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်နေ ကိုဇယ်ဟောင်း(၂၃)နှစ်၏ နေအိမ်ခြံဝင်းအတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ်များထားရှိကာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါခြံဝင်းအတွင်း၌ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့် လိုင်စင်မဲ့ YGN-18/3J-XXXX TOYOTA ALPHARD မော်တော် ယာဉ် တစ်စီး၊ KCN-16/7M-XXXX TOYOTA CROWN မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဇယ်ဟောင်း အား မြစ်ကြီးနားမြို့မရဲစခန်း (ပ)၂၁/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၄၇၄ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
