ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက္ကူစက်ရုံ(ရေနီ) ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 12, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၁

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိပြီးကောက်ရိုးမှ တစ်ပိုင်တစ်နိုင်ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံး ပျော့ဖတ်ချက်အိုးငယ်ဖြင့် ကောက်ရိုးပျော့ဖတ်များ စမ်းသပ်ချက်လုပ်နေမှု၊ အသေးစားစက္ကူစက် ငယ်ဖြင့် စက္ကူထုတ်လုပ်နေမှု၊ ကောက်ရိုးမှ ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းများအောင်မြင်ပါက တောင်သူများနှင့် MSME လုပ်ငန်းရှင်များသို့ နည်းပညာလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကောက်ရိုးမှ ပျော့ဖတ်များထုတ်လုပ်မည့် စက်ပစ္စည်းများ၏ ဒီဇိုင်းပုံစံများကို ကြိုတင်ရေးဆွဲထားရန်၊ စက္ကူစက်ရုံ (ရေနီ)၌ ရှိပြီးဖြစ်သည့် စက္ကူထုတ်လုပ်ခြင်းနည်းပညာများ တိမ်ကောပျောက်ပျက်မှုမရှိစေရေး ဆင့်ပွားသင်တန်းများပြုလုပ်ရန်၊ ဝန်ထမ်းများအနေဖြင့် တတ်ကျွမ်းထားသည့် နည်းပညာများဖြင့် တောင်သူများနှင့် MSME လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများ ဝင်ငွေတိုးတက်စေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးတို့အတွက် ကောက်ရိုးမှပျော့ဖတ်ထုတ်လုပ်သည့် စမ်းသပ်လုပ်ငန်းများကို အောင်မြင်စွာဖြင့် အမြန်ပြီးစီးအောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် တစ်နေ့လျှင် တန် ၂၀ ထုတ်လုပ်နိုင်သည့် ထုပ်ပိုးစက္ကူများထုတ်လုပ် နေသည့်လုပ်ငန်းစဉ်အဆင့်ဆင့်၊ တစ်နေ့လျှင် တန် ၈၀ ထုပ်ပိုးစက္ကူများ ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု၊ တစ်နေ့လျှင် တန် ၂၄၀၀ ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေ၊ ကုန်ကြမ်းနှင့် ကုန်ချောများကို သယ်ယူပို့ဆောင်နိုင်ရေးအတွက် မီးရထားလမ်း ဖောက်လုပ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၂၄၀ ခု

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download