ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 04, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

၂၀၂၄ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ China National Convention Center ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၊ ကျန်းမာရေးဝန်ကြီး၊ အခြားဖိတ်ကြားထားသည့် နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အရာရှိကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ တက်ရောက်ကြသည်။

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်က ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုးသား တိုင်းရင်းဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကော်မရှင်အကြီးအကဲ ပါမောက္ခ Yu Yanhong က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြား သည်။

ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနောက်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်က Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ကျန်းမာရေးဝန်ကြီး H.E. Mr. Lei Haicho က အဖွင့်မိန့်ခွန်းပြောကြား၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Guozhong Liu က အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားပြီးနောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ တက်ရောက်လာကြသောနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၏ မျက်နှာစုံညီ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးရာတွင် နိုင်ငံ့ကျန်းမာရေးစနစ်တွင် တိုင်းရင်းဆေးဝါးများ၏ အရေးပါမှု၊ ခေတ်မီအနောက်တိုင်းဆေးဝါးများနှင့် တိုင်းရင်းဆေးဝါးများ ပူးပေါင်း၍ အကျိုးရှိစွာ အသုံးချနိုင်မှုအခြေအနေများ၊ တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်၍ သုတေသနများ ပိုမိုဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အများလက်ခံလာနိုင်မှုအခြေအနေများ၊ တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အရေးပါမှုများ၊ တိုင်းရင်းဆေးဝါးနှင့် ပတ်သက်သည့် မူပိုင်ခွင့်ကိစ္စရပ်များ၊ ယုံကြည်စိတ်ချရ၍ အရည်အသွေးမြင့်မားသော တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရာတွင် ဆောင်ရွက်သင့်သည်များ၊ အနာဂတ်တွင် ဒေသတွင်းနိုင်ငံများအကြား အရည်အသွေးမြင့်မားသော တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သင့်သည်များနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းဆေးပညာကဏ္ဍတွင် အာဆီယံနိုင်ငံများ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးညီလာခံကို နှစ်စဉ်ကျင်းပလျက်ရှိပြီး နိုင်ငံတကာမှ တိုင်းရင်းဆေးပညာရှင်များ လာရောက်၍ ပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ တက်ရောက်ဆွေးနွေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၇၅ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download