ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်အပိုင်း) ရှိ မြေငလျင်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်အပိုင်း) ရှိ မြေငလျင်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 21, 2025

နေပြည်တော် ဧပြီ ၂၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်အပိုင်း) တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်တိုင်အမှတ် (၁၆၅/၁) ရှိ ဆွာချောင်းတံတားသို့ ရောက်ရှိပြီး တံတားအဖွဲ့မှ တာဝန်ရှိသူများက အသွားလမ်းနှင့် အပြန်လမ်းတို့တွင်ရှိသော ဆွာချောင်းတံတား နှစ်စင်းလုံးသည် ငလျင်ဒဏ်ကြောင့် တံတားတိုင်များ နိမ့်ကျခြင်း၊ ယိုင်နဲ့ခြင်းနှင့် တိုင်အောက်ခြေကွဲ၍ ပျက်စီးမှုများကိုလည်းကောင်း၊ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တံတားတိုင်အောက်ပိုင်းတွင် ဘေလီငြမ်းများထောက်၍ ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်ထားသည့် အခြေအနေများကိုလည်းကောင်း ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဆွာချောင်းတံတား၏ တံတားထိပ်ခုံနိမ့်ကျပျက်စီးသွားသည့် အခြေအနေ၊ ယာယီဘေလီတံတားမှ ယာဉ်များ အန္တရာယ်ကင်းစွာဖြတ်သန်းသွားလာခွင့်ပြုပေးနေသည့် အခြေအနေ၊ တံတားတိုင်အောက်ပိုင်းတွင် ကြံ့ခိုင်မှုရှိစေရန် ဘေလီငြမ်းထောက်ထားမှု အခြေအနေများကိုလည်းကောင်း၊ တံတားအောက်ပိုင်းရှိ ရေလည်တိုင်များ နိမ့်ကျခြင်း၊ ယိုင်နဲ့ခြင်းနှင့် တိုင်အောက်ခြေ ပျက်စီးသွားသည့် အခြေအနေများကိုလည်းကောင်း၊ ဆွာရေလှောင်တမံမှ ရေများစီးဆင်းလာရာတွင် ရေစီးကြောင်းပြောင်းလဲမှုကြောင့် တံတားအုတ်ခုံအခြေသို့ ရေတိုက်စားလာသည့် အခြေအနေများနှင့် တံတားချဉ်းကပ်လမ်း အက်ကွဲတွန့်ခေါက်နိမ့်ကျပျက်စီးသည့် အခြေအနေများကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်လမ်းပိုင်းများ ကျိုးကြေပျက်စီးသည့်နေရာ ၂၈၃ နေရာ၊ လမ်းသားမပျက်စီးသော်လည်း လှိုင်းတွန့်များ ဖြစ်ပေါ်သဖြင့် မျက်နှာပြင်ညှိ၍ ပြင်ဆင်ရမည့်နေရာ ၁၈၅ နေရာ၊ တံတားထိပ်ခုံနိမ့်ကျခြင်းအပါအဝင် ပျက်စီးခဲ့သော တံတားများအား လက်ရှိအခြေအနေတွင် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ယာယီပြင်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ပြိုကျပျက်စီးသွားသည့် မိုင်တိုင်အမှတ် (၃၅၈/၂) ရှိ ဒုဋ္ဌဝတီတံတားမှအပ ပြင်ဆင်ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်းနှင့် ယာယီပြင်ဆင်ထားသည့် လမ်းအပိုင်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးခွင့်ပြုသတ်မှတ်မိုင်နှုန်းများ လျှော့ချထားခြင်းတို့ကို လိုက်နာမောင်းနှင်ကြရန် လိုအပ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမြန်လမ်းတစ်လျှောက် လမ်းပြင်ဆင်ဆောင်ရွက်နေမှုများကို ဆက်လက်စစ်ဆေးရာ မိုင်တိုင်အမှတ် (၁၈၃/၇) တွင် ကွန်ကရစ်လမ်းသား အက်ကွဲနိမ့်ကျသွားသည့် အပိုင်းအားပြင်ဆင်နေမှုနှင့် စပ်လျဉ်း၍ လမ်းတာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော် ပုဗ္ဗသီရိမြို့ ပတ်လမ်းပေါ်ရှိ သိုက်ချောင်း တံတားသို့ရောက်ရှိရာ တံတားချဉ်းကပ်လမ်းများနှင့် ပင်မတံတား ပေ ၉၀ နှစ်ခန်း ပျက်စီးမှုအား ပြန်လည်တည်ဆောက်ပြီးစီးမှုနှင့် ချဉ်းကပ်လမ်းပေါ်တွင် ကတ္တရာကွန်ကရစ် (AC) ခင်းနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၅၇ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download