ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူ့ဆေးရုံများ လှည့်လည်ကြည့်ရှု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 28, 2025
image_latest


နေပြည်တော် ဧပြီ ၂၇

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (ကျောက်ဆည်မြို့)သို့ရောက်ရှိကာ အထွေထွေရောဂါကုသဆောင်၊ အရိုးကုသဆောင်၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အရေးပေါ်လူနာကုသဌာန၌ ဆေးဝါးကုသမှုခံယူနေသော လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအခြေအနေများကိုကြည့်ရှုပြီး အားပေးစကားပြောကြားသည်

ထို့နောက် နိုင်ငံတော်မှ ခွဲဝေချထားပေးသောရန်ပုံငွေဖြင့် ဆေးဝါးများဝယ်ယူကာ လူနာများအား ထောက်ပံ့ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်မှ ပံ့ပိုးပေးသည့် ရန်ပုံငွေနှင့် လှူဒါန်းရရှိမှုများကို ပြည်သူများထံအကျိုးရှိစွာ ရောက်ရှိစေရေး အလေးထားဆောင်ရွက်ပေးရန်နှင့် စနစ်တကျစီမံဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး၌ အရေးပေါ်လူနာများ လက်ခံဆောင်ရွက်နေမှု၊ ဆေးဝါးများထုတ်ပေးမှု၊ အရိုးနှင့်ထိခိုက်ဒဏ်ရာရလူနာများ၊ အထွေထွေရောဂါ လူနာများအား ကုသပေးနေမှု၊ ငလျင်ဒဏ်ကြောင့် ယာယီရပ်ဆိုင်းခဲ့ရပြီး ကုသရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေသည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါလူနာများအား ကုသပေးနေမှု၊ နှလုံးနှင့် သွေးကြောရောဂါကုဌာနတွင် အထူးစက်များအသုံးပြု၍ ဆေးကုသမှုများ ပြန်လည်ဆောင်ရွက်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုပြီး ထိခိုက်ပျက်စီးသော လူနာဆောင်၊ ဌာနများ ပြန်လည်ပြုပြင်ရန်နှင့် ကုသရေးလုပ်ငန်းများအားလုံး လည်ပတ်ဆောင်ရွက်ရန် ဌာနအလိုက် တာဝန်ခံအထူးကုဆရာဝန်ကြီးများအား ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ် - မန္တလေးဇီဝကစာသင်ခန်း၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မန္တလေးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးတက္ကသိုလ်-မန္တလေးနှင့် ဆေးနှင့်နှီးနွှယ်တက္ကသိုလ်များ၊ သင်တန်းကျောင်းများမှ ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ဌာနအလိုက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု၊ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများနေထိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး ဆေးရုံဝင်း အတွင်းရှိ ခြေတုလက်တုနှင့် အားပြုကိရိယာအလုပ်ရုံသို့ သွားရောက်ကာ အင်အားပြင်းထန်သည့် ငလျင် ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ခြေလက်ဆုံးရှုံးသူများအား ခြေတုလက်တု တပ်ဆင်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် ဧရာဝတီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသော ယာယီဆေးကုသဆောင်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကုသပေးနေမှုအခြေအနေများကိုကြည့်ရှု၍ လူနာများအား အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၆၇ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download