ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲဖျော်ဖြေမှု ကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 11, 2025
image_latest


ရန်ကုန် မေ ၁၀

ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတရန်ပုံငွေပဒေသာ ကပွဲဖျော်ဖြေမှုကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူများ ကြည့်ရှုအားပေးကြသည်။

တစ်မိနစ်ငြိမ်သက်ဆုတောင်း

ရန်ပုံငွေ ပဒေသာကပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဖျော်ဖြေမှုအစီအစဉ်များကိုစတင်ရာ ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်မှုနှင့် ထောက်ပံ့ခဲ့မှုမှတ်တမ်းဗီဒီယိုကိုပြသပြီး ငလျင်ဘေးဒဏ်တွင် ထိခိုက်သေဆုံးခဲ့သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဆုတောင်းမေတ္တာပို့သကြသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာမည်ကျော်အနုပညာရှင်များ၏ ရုပ်ရှင်တေးသီချင်းများဖြင့်လည်းကောင်း၊ အောင်ခင်မင်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တင်ဆက်သည့် ဒါရိုက်တာသန်းထိုက် (ရွှေရိပ်)၊ သရုပ်ဆောင်များ ဖြစ်ကြသည့် ကျော်ထက်အောင်၊ ကျော်ထက်ဇော်၊ မင်းတော်ဝင်၊ ခင်ဇာခြည်ကျော်၊ အေးဝတ်ရည်သောင်း၊ မမဆောင်းနှင့် သရုပ်ဆောင်များစွာပါဝင်သော “အချစ် ဆုံးအပေါင်ဆိုင် ဟာသတစ်ခန်း ပြဇာတ်ဖြင့်လည်းကောင်း၊ HEY Play Application က စီစဉ်တင်ဆက်သည့် ဒါရိုက်တာတင်မောင်ဆန်းမင်းဝင်း၏ နက္ခတ်၊ စိုင်းစည်တွမ်ခမ်း၊ နေထွဋ်၊ နော်ဖောအယ်ထား၊ မေပန်းချီ၊ မေလသံစဉ်နှင့် သရုပ်ဆောင်များစွာပါဝင်သောပြည်သူ့အချော့တော် တေးသရုပ်ဖော်ပြဇာတ် ဖြင့်လည်းကောင်း၊ ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးနှင့် Triple Six ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းတင်ဆက်သည့် ဒါရိုက်တာစိုးမိုးမင်း၊ သက်ဦးမောင်၊ သရုပ်ဆောင် ကောင်းမြတ်စံ၊ ရှင်မွေလ၊ မင်းဘုန်းမြတ်၊ ခြူးလေး၊ ခြူးစစ်ဟန်တို့နှင့် သရုပ်ဆောင်များစွာပါဝင်သော “ငါတို့အားလုံးလူ...အတူတူ ပြဇာတ်ဖြင့်လည်းကောင်း၊ ဒါရိုက်တာညိုမင်းလွင်၏ ရန်အောင်၊ သားညီ၊ မာန်ဟိန်း၊ စည်သူမောင်၊ မြယာတို့နှင့် သရုပ်ဆောင်များစွာပါဝင်သော “ဖုတ်သွင်းရထား ပြဇာတ်ဖြင့်လည်းကောင်း၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ၏ သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေးနှင့် သရုပ်ဆောင်များ၊ အကအဖွဲ့များပါဝင်သည့် “မနက်ဖြန်များ လှပါစေ တေးအော်ပရာဖြင့် လည်းကောင်း ဝေဝေဆာဆာ ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အလှူငွေများ ထည့်ဝင်

မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတရန်ပုံငွေ ပဒေသာကပွဲကြီးတွင် သဒ္ဓါတရားထက်သန်ကြသည့် ပြည်သူများက ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေများထည့်ဝင်ခဲ့ကြသည်။ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ အမှတ်(၁၈-A) ၌ စာဆိုဗိမာန် အဆောက်အအုံတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်ခန်းမ၌ Myanmar Land & Development Ltd Project Director ဒေါ်ယုယုနိုင်က စာဆိုဗိမာန်အဆောက်အအုံ ရာခိုင်နှုန်းအလိုက် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုတည်ဆောက်နေသော စာဆိုဗိမာန်သည် နိုင်ငံတကာအထောက်အပံ့ဖြင့် တည်ဆောက်နေသည့် တစ်ခုတည်းသော စာဆိုဗိမာန်ကြီး တစ်ခုဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံဖြစ်ရန်နှင့် တည်ဆောက်မှုတွင် မြန်ဆန်မှန်ကန်စွာလုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ အဆောက်အအုံသည် စာဆိုဗိမာန်အင်္ဂါရပ်နှင့်အညီ လာရောက်လေ့လာသူများ စိတ်ဝင်တစားကြည့်ရှုခံစားနိုင်ရန် ပြင်ဆင်စုဖွဲ့တည်ဆောက်ထားရန်လိုအပ်ကြောင်း မှာကြားသည်။

တက်ရောက်အားပေး

နံနက်ပိုင်းကလည်း ပြည် ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ The Central Boulevard ၏ Public Area Zone ၌ ကိုရီးယားနိုင်ငံမှ လာရောက်စီစဉ်ကျင်းပသည့် “ငလျင်ဘေးသင့် ဒေသများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် ကိုရီးယား - Seak dong အနုပညာယဉ်ကျေးမှုစင်တာ၊ ဆိုးလ်ခရိုင်ခွဲ၊ KK Media နှင့် CST Myanmar ကုမ္ပဏီ၊ ကိုရီးယားနိုင်ငံဆိုးလ်အထူးမြို့၊ K Tourism Council နှင့် ဂျုံးနိုးခရီးသွားလာရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ K pop အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များတက်ရောက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံမှတာဝန်ရှိသူများက “ငလျင်ဘေးသင့်ဒေသ များအတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ကိုရီးယားရိုးရာ တူရိယာပညာရှင် Ms. Han Chae Wan က တီးခတ်ဖျော်ဖြေပြီး Solo Artist Henny က K-pop danceဖြင့် ကပြ‌​ဖျော်​ဖြေသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားသည်။

K pop အဖွဲ့များ ဖျော်ဖြေတင်ဆက်

ယင်းနောက် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အမတ် Mr. Kim Yong Ho က ပေးပို့သည် Video Message ကို ဖွင့်လှစ်ပြသသည်။

ထို့နောက် ကိုရီးယားနိုင်ငံယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းကောင်စီ (K Tourism) ၏ ဥက္ကဋ္ဌ Mr. Song Chang Yong က နှုတ်ခွန်းဆက်ပြောကြားပြီး ကိုရီးယားနိုင်ငံ KK Media (မြန်မာ) ၏ Director Mr. Cho Sung Woo က “ ငလျင်ဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ကိုရီးယားနိုင်ငံမှ K pop အဖွဲ့များဖြစ်ကြသည့် “Girls Alert” ၊ “Layers Dance အဖွဲ့နှင့် Dream Kids” အဖွဲ့တို့က ဆက်လက်၍ ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကိုရီးယား K Tourism Council မှ ဥက္ကဋ္ဌ Mr. Song Chang Yong တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကိုရီးယားအနုပညာရှင်များအား အမှတ်တရ ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ ဈေးရောင်းပွဲတော်အတွင်း ကိုရီးယားရိုးရာ အစားအစာများ ရောင်းချရန်နှင့် ရိုးရာကစားနည်းများတွင် ပါဝင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါ ငလျင်ဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲကို ကိုရီးယား- Seak dong ယဉ်ကျေးမှုစင်တာ၊ ဆိုးလ်ခရိုင်ခွဲ၊ KK Media နှင့် CST Myanmar ကုမ္ပဏီတို့ပူးပေါင်း၍ မေ ၁၀ ရက်နှင့် ၁၁ ရက် တို့တွင် နေ့စဉ်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိတစ်ကြိမ်နှင့် ညနေ ၄ နာရီမှ ည ၉ နာရီအထိတစ်ကြိမ် စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဈေးရောင်းပွဲတော်တွင် ကိုရီးယားအစားအစာများကို သင့်တင့်သည့်ဈေးနှုန်းဖြင့် ရောင်းချသွားမည့်အပြင် ကိုရီးယားရိုးရာကစားနည်းများကိုလည်း အခမဲ့ဝင်ရောက်ကစားနိုင်ရေး ထည့်သွင်းထားရှိကြောင်း၊ ထို့ပြင် ကိုရီးယားနိုင်ငံတွင် ကြယ် (၂) ပွင့် မှ ကြယ်(၄)ပွင့်အဆင့်အထိ ရရှိထားကြသည့် K Pop အဖွဲ့များ၏ ဖျော်ဖြေမှုများနှင့် “ကြယ်များရဲ့ဥယျာဉ် Animation ရုပ်ရှင်နှင့် “ပေါင် ၂၀၀ အလှ ရုပ်ရှင်များကို လည်း အခမဲ့ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော်မှ ရရှိလာမည့်ငွေများကို မေ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်

သတင်းစာများ - ၃၁၆၀ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download