ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး မန္တလေးငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် Modular House များ တပ်ဆင်တည်ဆောက်နေမှုနှင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ယာယီအဆောက်အအုံများတွင် နေထိုင်မှုကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး မန္တလေးငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် Modular House များ တပ်ဆင်တည်ဆောက်နေမှုနှင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ယာယီအဆောက်အအုံများတွင် နေထိုင်မှုကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2025

နေပြည်တော် မေ ၂၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် Modular House များ ရောက်ရှိလာပြီး ကွန်တိန်နာပေါ်မှ သယ်ချနေမှုနှင့် တပ်ဆင်တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က Modular House များ စနစ်တကျ တပ်ဆင်နေရာချထားနိုင်ရေး၊ မိုးမကျမီ လုပ်ငန်းများအချိန်မီပြီးစီးရေး၊ ဝန်ထမ်းမိသားစုများ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေးတို့ကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စီစဉ် ဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် ဆောက်လုပ်ပြီးစီးခဲ့သည့် ယာယီအဆောက်အအုံများတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ရေ၊ မီး၊ မိလ္လာများ အဆင်ပြေစွာဖြင့်နေထိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျဖြင့် စည်းကမ်းတကျ နေထိုင်ကြစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေးတို့ကို မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၁၁ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။
