ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းသားတောင်သူများထံ မျိုး၊ သွင်းအားစုများ ပေးအပ်၊ လယ်ယာဝန်ဆောင်မှု သရုပ်ပြထွန်ယက်စိုက်ပျိုးခြင်း ကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 29, 2025
image_latest


နေပြည်တော် မေ ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီများ၊ လယ်ယာသုံးစက်ကိရိယာရောင်းချသည့် ကုမ္ပဏီများ ပူးပေါင်းကျင်းပသည့် မျိုး၊ မြေဩဇာသွင်းအားစုပေးအပ်ခြင်း၊ သမဝါယမလယ်ယာဝန်ဆောင်မှုသရုပ်ပြခြင်းနှင့် စုပေါင်းထွန်ယက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရုံးပင်ဇောင်းကျေးရွာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သမဝါယမအသင်းသားတောင်သူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခုကဲ့သို့ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုအချိန်မီရရှိရေးတို့အတွက် လယ်ယာဝန်ဆောင်မှု ချိတ်ဆက်ခြင်းအခမ်းအနားများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ နေပြည်တော်အပါအဝင် မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများ၌လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ထွန်စက်ရောင်းချသည့် ကုမ္ပဏီများနှင့်ချိတ်ဆက်၍ လယ်ယာသုံးစက်ကိရိယာ ၅၈ စီးကို သမဝါယမအသင်းသား တောင်သူများအတွက် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း။

လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုသမဝါယမအသင်းများအနေနှင့် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၃၂ မြို့နယ်၊ သမဝါယမအသင်း ၁၆၂ သင်းမှ အသင်းသားများသို့ ရိတ်သိမ်းခြွေလှေ့စက် ၁၁၄ စီး၊ ထွန်စက်ကြီး ၄၅၂ စီးနှင့် အခြားစက် ၆၄ စီး စုစုပေါင်းစက် ၆၃၀ ဖြင့် ထွန်ယက်ဧက ၃၈၅၀၂၀ ဒသမ ၆၇ ဧကနှင့် ရိတ်/ခြွေဧက ၆၇၉၄၈ ဒသမ ၈၅ ဧကတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နေပြည်တော်တွင် သမဝါယမအသင်းပိုင်၊ အသင်းသားပိုင် စက်ကိရိယာများနှင့် လယ်ယာဝန်ဆောင်မှုသမဝါယမအသင်းများမှ စက်ကိရိယာ ၃၄ စီးတို့ဖြင့် ထွန်ယက်ဧက ၁၉၁၈၇ ဧကနှင့် ရိတ်/ခြွေဧက ၅၅၉၅ ဧကကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

စီမံကိန်းသီးနှံများစိုက်ပျိုးမည့် အသင်းသားတောင်သူများအနေဖြင့် ဒါရိုက်တာအဖွဲ့ဝင်များက ဦးဆောင်ပြီး အထွက်နှုန်းကောင်းသည့် မျိုး၊ သွင်းအားစုများကို စုပေါင်းဝယ်ယူခြင်း၊ စုပေါင်းထွန်ယက်ခြင်း၊ အချိန်မီစုပေါင်းစိုက်ပျိုးခြင်း၊ စုပေါင်းရိတ်သိမ်းခြင်းစသည့် နည်းလမ်းများနှင့် ဆောင်ရွက်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းကို ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် စုပေါင်းရောင်းချခြင်းကိုလည်း အတူတကွလုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အရင်းအနှီးထောက်ပံ့ပေးနိုင်မှု၊ နည်းပညာပံ့ပိုးပေးနိုင်မှု၊ မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးနိုင်မှုအခြေအနေများကို ပြောကြားသည်။

ရှင်းလင်းဆွေးနွေး

ယင်းနောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို သမဝါယမအသင်းများ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးက ဘဏ်အရစ်ကျစနစ်ဖြင့် ဝယ်ယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက လယ်ယာဝန်ဆောင်ထွန်ယက်စိုက်ပျိုးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ သမဝါယမအသင်းသားတောင်သူများ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က သမဝါယမအသင်းသားတောင်သူများ၏ လယ်မြေဧကတစ်သောင်းကျော်အတွက် ငွေကျပ်သန်း ၂၂၈၀ တန်ဖိုးရှိ အစေ့ချစက်၊ စပါးမျိုးစေ့၊ ဝါမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ကာ ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ အစေ့ချစက်များကိုလည်းကောင်း၊ တောင်သူများနှင့် ချိတ်ဆက်ရောင်းချပေးနေမှု အခြေအနေကိုလည်းကောင်း၊ သမဝါယမလယ်ယာဝန်ဆောင်မှု ထွန်ယက်သရုပ်ပြသနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၁၇၉ ခု

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download