ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 14, 2025
image_latest


နေပြည်တော် ဇွန် ၁၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ဇွန် ၁၁ ရက်မှ ၁၂ ရက်အထိ “Shaping the Future” ကမ္ဘာကြီး၏ အနာဂတ်ကို ပညာရေးဖြင့်ပုံဖော်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ကာဇန်မြို့၌ ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီး Sergey Kravtsov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် IT Park အဆောက်အအုံရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ နှစ်နိုင်ငံပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သတင်းထောက်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး IT Park အဆောက်အအုံ၌ ဖွင့်လှစ်ထားရှိသည့် ကလေးငယ်များအား ဒစ်ဂျစ်တယ်နည်းပညာ အသုံးချလက်တွေ့လေ့ကျင့်သင်ကြားပေးလျက်ရှိသော သင်တန်းခန်းမများသို့ သွားရောက်လေ့လာခဲ့သည်။

ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအဆောက်အအုံအတွင်း ခင်းကျင်း ပြသထားသည့် ရုရှားနိုင်ငံ၏ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ဒစ်ဂျစ်တယ်ပညာရေးစနစ် ဆောင် ရွက်နေမှုပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထို့နောက် “Shaping the Future” ကမ္ဘာကြီး၏အနာဂတ်ကို ပညာရေးဖြင့် ပုံဖော်ခြင်း ဟူသော ခေါင်းစဉ်ဖြင့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်ကို ကျင်းပရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ Vladimir Putin နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergey Lavrov’s တို့က အွန်လိုင်း မှ အမှာစကား ပြောကြားကြသည်။

ယင်းနောက် တာတာစတန်အုပ်ချုပ်ရေးမှူးက ရုရှားနိုင်ငံ သမိုင်းကြောင်းနှင့် သင်ရိုးညွှန်းတမ်းများတွင် သမိုင်းသင်ကြားရေး အရေးပါပုံများကိုလည်းကောင်း၊ ပညာရေးဝန်ကြီး Sergey Kravtsov က ရုရှားနိုင်ငံ၏ ပညာရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး တက် ရောက်လာသော နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက နိုင်ငံအလိုက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကြသည်။

ဖိုရမ်အပြီးတွင် ပြည်ထောင်စု ဝန်ကြီးသည် Buryatia သမ္မတနိုင်ငံ ပညာရေးနှင့် သိပ္ပံဝန်ကြီး Pozdnyakov Valery Anatolyevich နှင့် ပညာရေး ပူးပေါင်းဆောင်ရွက်ရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး Altai State Pedagogical တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အချိန်မီအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ် Road Map ကို လက်မှတ်ရေးထိုးခဲ့သည်။

ညပိုင်းတွင် ခေတ္တတည်းခိုရာ Kazan Palace ဟိုတယ် Topaz (Crystal) Hall ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသော ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ဖိုရမ်သို့ တက်ရောက်လာကြသော ပညာရေးဝန်ကြီးများ၏ အလုပ်သဘော နံနက်စာသုံးဆောင်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် ကာဇန်မြို့ရှိ Adymnar Secondary School သို့ သွားရောက်လေ့လာရာ ကျောင်း၏တာဝန်ရှိသူများက ကျောင်းအဆောက်အအုံအတွင်း စာသင်ခန်းများ၊ စာကြည့်တိုက်၊ အားကစားခန်းများ၊ စုဝေးခန်းမများနှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချသင်ကြားသင်ယူမှု ဆောင်ရွက်ခြင်းများကို ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၁၉၄ ခု

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download