ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပလျက်ရှိသည့် (၅) ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / June 16, 2025


နေပြည်တော် ဇွန် ၁၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ VDNH ပန်းခြံပြပွဲ ခန်းမ၌ ဇွန် ၁၀ ရက်မှ ၁၅ ရက်အထိ ကျင်းပသော (၅) ကြိမ်မြောက် မော်စကိုနိုင်ငံတကာ ခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲသို့ တက်ရောက်ခဲ့သည်။

ခရီးသွားပြပွဲကို “Let’s Travel” ခေါင်းစဉ်နှင့်အတူ နိုင်ငံတကာခရီးသွားဖိုရမ်ကို ပူးတွဲ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲ စတင်ဖွင့်လှစ်

မော်စကိုနိုင်ငံတကာ ခရီးသွားဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဒီမစ်ထရီချယ်နေရှန်ကိုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင်ရီရှတ်eDYကို့ဗ် တို့က “Discovering Russia: How travel is changing the country” ဆွေးနွေးပွဲဖြင့် စတင် ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ် ဒီမစ်ထရီချယ်နေရှန်ကိုက ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ပေးပို့သော နှုတ်ခွန်းဆက်စကားကို ဖတ်ကြားပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံဝန်ကြီးချုပ် မီခေးလ်မီရှိုးစတင်း၏ သတင်းစကားရုပ်သံကို ဖွင့်လှစ်ပြသသည်။

ရှုထောင့်အသီးသီးမှဆွေးနွေး

ထို့နောက် “Discovering Russia: How travel is changing the country” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို စတင်ကျင်းပရာ ဒုတိယဝန်ကြီးချုပ် ဒီမစ်ထရီချယ်နေရှန်ကိုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး မက်ဆင်ရီရှတ်eDYကို့ဗ်တို့က ဆွေးနွေးပွဲ၏ သဘာပတိအဖြစ်ဆောင်ရွက်ကြပြီး ဒိုင်းမော့ကုမ္ပဏီတည်ထောင်သူ မစ္စတာဒိုင်းမော့၊ ဗိုဒိုလက်မြန်နှုန်းမြင့်သင်္ဘောကုမ္ပဏီ၏ ညွှန်ကြား ရေးမှူးချုပ်အပါအဝင် ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင် သူခုနစ်ဦးတို့က ခရီးသွားလုပ်ငန်း၏ နိုင်ငံ့စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို ကဏ္ဍ အလိုက်ရှုထောင့်အသီးသီးမှ ဆွေးနွေးကြသည်။

ဇွန် ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင်ရီရှတ်eDYကို့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများအကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး၊ မြန်မာနှင့်ရုရှားနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Familiarization Trip - FAM Trip) များကို အပြန်အလှန် စီစဉ်ဆောင်ရွက်ရေး၊ မြန်မာ-ရုရှား နှစ်နိုင်ငံပြည်သူများအတွက် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားပြပွဲများတွင် ပူးပေါင်းပါဝင်ပြသကြရေး၊ မြန်မာနိုင်ငံသို့ ရုရှား ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ ပြည်ပသို့ခွင့်ရက်ရှည်ဖြင့် အပန်းဖြေခရီး သွားရောက်ကြသော ရုရှားနိုင်ငံသား အစိုးရဝန်ထမ်းများကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် နိုင်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဖိုရမ်အတွင်း လှည့်လည်ကြည့်ရှုကာ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသော Cosmos Hotel Group နှင့် BN Group တို့မှ ရုရှားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ သာယာလှပသော ကမ်းခြေများနှင့် ခရီးသွားဆွဲဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ ကနဦးစီမံကိန်း (Pilot Project) အဖြစ် လာရောက်ဆောင်ရွက်လိုပါက ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနက မော်စကိုမြို့ရှိ DOM VISHNEVSKY စင်တာ၌ တည်ခင်းဧည့်ခံသည့် “The Russian Manor: A Celebration of Customs” ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Source From: MyanmarAlin

သတင်းစာများ - ၃၄၇၁ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download