ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ထားမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 16, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ဆောင်ရွက်ထားမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ဥတ္တရသီရိမြို့နယ် တောင်ညိုကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီး မိုင်တိုင်၂၂၂/၅ ရှိ တစ်အုပ် တစ်မစိုက်ခင်း ၁၅ ဧက စိုက်ပျိုးပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးထားသောအပင်များ ဆက်လက်ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။

ထို့နောက် မိုင်တိုင် ၂၃၃/၂ ရှိ တစ်အုပ်တစ်မ စိုက်ခင်း ၁၅ ဧက တည်ထောင်စိုက်ပျိုးရန် မြေနေရာ ရှင်းလင်းနေမှုကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် အထက်ဆင်သေကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီး မိုင်တိုင် ၂၄၀ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၀ ဧက စိုက်ပျိုးပြီးစီးမှုကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်းအတွင်း မိုင်တိုင် ၂၆/၁ ရှိ တစ်အုပ် တစ်မစိုက်ခင်း ၁၀ ဧက စိုက်ပျိုးပြီးစီးမှုကိုလည်းကောင်း၊ ငလိုက်ကြိုးဝိုင်းအတွင်း မိုင်တိုင် ၂၂၂/၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၅ ဧက စိုက်ပျိုးပြီးစီးမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာအပါအဝင် အာဆီယံကားလမ်းဘေးဝဲယာနှင့် အပူပိုင်းဒေသ၁၃ခရိုင်အတွင်းရှိ ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် ကားလမ်းဘေးဝဲယာတွင် တောအုပ်ငယ်များအသွင်ဖြစ်စေရန် တစ်အုပ်တစ်မစိုက်ပျိုးခြင်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ မိုးရာသီတွင် တစ်အုပ်တစ်မစိုက်ခင်း ၁၂၂ ဧက အပင် ၁၈၃၀၀ ကို စိုက်ပျိုးလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိမ်းလန်းစိုပြည်ရေးအတွက် အမြန်လမ်းမကြီးဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးခြင်းအပါအဝင် မြေနေရာ ဧက ၁၆၅ ဧကတွင် အပင် ၁၉၄၂၀၀ ကို ၂၀၂၅ မိုးရာသီအတွင်း စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၂၈၇ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download