ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ သစ်တော စိုက်ခင်းများနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ သစ်တော စိုက်ခင်းများနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / September 17, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ သစ်တော စိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။ ၁၆-၉-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မုန်ချောင်းပေါက်ကျေးရွာအနီးရှိ ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးထားသည့် ၁/၂၀၂၅ ကျေးရွာသုံးထင်းစိုက်ခင်း (၁၀) ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသရာသီဥတု၊ မြေအမျိုးအစားနှင့် ကိုက်ညီသော ဒေသမျိုးရင်းသစ်မျိုးများအား ရွေးချယ်စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးထားသော အပင်များ ရှင်သန် ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ၁/၂၀၂၄ ကျေးရွာထင်းစိုက်ခင်း (၂၀) ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေး-ကံပြား-နတ်မောက်ကားလမ်း လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ တမာစိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ်ရှိ မကွေး-ရေနံချောင်းကားလမ်း ဘေးဝဲယာ တစ်အုပ်တစ်မစိုက်ပျိုးထားသည့် မိုင်တိုင် ၃၃၆ ရှိ တမာ၊ယူကလစ် တစ်အုပ်တစ်မ စိုက်ခင်း (၂၀၀၀) ပင် အား လည်းကောင်း၊ မိုင်တိုင် ၃၄၀ အနီးရှိ တမာ၊ ဖျောက်ဆိပ် တစ်အုပ်တစ်မ စိုက်ခင်း (၁၀၀၀) ပင် အား လည်းကောင်း၊ မိုင်တိုင် ၃၄၀/၂ ရှိ တမာ၊ ရင်းမာ၊ ဖျောက်ဆိပ်၊ ပိတောက် တစ်အုပ်တစ်မစိုက်ခင်း (၄၀၀) ပင်အား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး သစ်တောစိုက်ခင်းများတည်ထောင်ရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းရေး၊ ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ရေး၊ ကျေးရွာ ထင်းစိုက်ခင်းနှင့် တစ်ရွာ ၂ ဧက ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ်၊ ဒေါင်းနေတိုးချဲ့ကြိုးပြင် ကာကွယ်တော အတွင်း ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးထားသည့် ၃/၂၀၂၅ အထူးစိမ်း ဒဟက်၊ မဲဇလီ တစ်အုပ်တစ်မ စိုက်ခင်း (၄၀၀၀) ပင်၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အပင်များ ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ရှိ မြို့မသစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးပင်များပျိုးထောင် ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
သတင်းစာများ - ၃၂၈၈ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download