ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိဝန်ထမ်းများနှင့် တွေ့ဆုံ၊ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / September 19, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ သစ်တောပျိုးဥယျာဉ်များသို့ သွားရောက်၍ သစ်မျိုးအလိုက် ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး နှစ်စဉ် ၂ ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရန်၊ ဒေသနှင့်ကိုက်ညီသော သစ်မျိုးများ ပျိုးထောင်ထားရှိရန်နှင့် မျိုးကောင်းမျိုးသန့် သစ်စေ့များရယူစုဆောင်း၍ ပျိုးထောင်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့၊ မြို့တော်ခန်းမတွင် ဝန်ကြီးဌာနအောက် ရှိ ဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဝန်ကြီးဌာနအနေဖြင့် သဘာဝသယံဇာတများကို ရေရည်တည်တံ့အောင်ထိန်းသိမ်းရေးနှင့် စဉ်ဆက် မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက် စီမံအုပ်ချုပ် ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးနှင့် နိုင်ငံသစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်း ရရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊  သစ်တောစိုက်ခင်းများတည်ထောင်ရေး၊ ကားလမ်းဘေးဝဲယာ စိမ်းလန်း စိုပြည်ရေး၊ အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေး၊ သဘာဝတောများ ကာကွယ်ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် သဘာဝသယံဇာတများကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်၊ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရန်နှင့် ဌာနလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် ၄ ရပ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အလားတူပြည်သူများ၏ အားကိုးအားထားပြုထိုက်သော နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံသွား ရမှာဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့ရှိ သစ်အခြေခံစက်မှုလုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပုဂ္ဂလိကသစ်ဆိုင်၊ သစ်စက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ကုန်ကြမ်း များရရှိရေး၊ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့ရှိ ဝန်ကြီးဌာနအောက်မှ ရုံးများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက် ပေးသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း ကားလမ်းဘေးရှိ အပူပိုင်း ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင် စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်မျိုးစုံ ၁၀၀၀ ပင်၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသော အပင်များဆက်လက်ရှင်သန် ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက် သွားရန်မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ်၊ တဲကုန်းကျေးရွာအနီးရှိ ကျေးရွာသုံးထင်းစိုက်ခင်း ၃၀ ဧကနှင့် ဒဟက်၊ မဲဇလီ အထူးစိမ်း တစ်အုပ် တစ်မစိုက်ခင်း ၁၅၀၀ ပင် ၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား လည်းကောင်း၊ ၂၀၂၅ မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပွဲမှ အပင်များ၏ ရှင်သန်အောင်မြင်မှု အ‌ခြေအနေအားလည်းကောင်း၊ ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်းရှိ  ကျေးရွာထင်းစိုက်ခင်း ၂၀ ဧကနှင့်  ကျေးရွာ ထင်းစိုက်ခင်း ၃၀ ဧက ၏ ရှင်သန်အောင်မြင်မှု အခြေအနေအားလည်းကောင်း၊ ပုဂံကြိုးဝိုင်းအတွင်းရှိ ကျေးရွာထင်း စိုက်ခင်း ၅၀ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

          စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာရှိ မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖိုထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍ စွမ်းအားမြှင့် မီးဖိုထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

သတင်းစာများ - ၃၂၉၀ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download