ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / November 05, 2025
နေပြည်တော် အောက်တိုဘာ ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း” ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဖွင့်လှစ်ခဲ့သည့် စက်ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်း၊ စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းများ၏ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီး ဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းဆင်းများ စုစုပေါင်း (၁၁၀) ခန့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပို့ချပေးခြင်း၊ နည်းပညာအကူအညီပေးခြင်း၊ ထွက်ရှိလာတဲ့ ကုန်ပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ လုပ်ငန်း မှတ်ပုံတင်ပေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိရာမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း သင်တန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်က စတင်ပြီး ကျေးရွာ(၁၅၁)ရွာ၌ သင်တန်းဖွင့်လှစ်ပေး နိုင်ခဲ့ပြီး လုပ်ငန်းရှင် (၆၉၇) ဦးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၁၉၃) ရွာ၌ လုပ်ငန်းရှင် (၉၆၅) ဦးကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ လုပ်ငန်းသုံးပစ္စည်းများ ရင်းနှီးမတည်ဆောင် ရွက်ပေးခဲ့၍ (၂)နှစ်တာကာလအတွင်း လုပ်ငန်းရှင်စုစုပေါင်း (၁၆၆၂) ဦး မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၁၉၆) ရွာမှာ သင်တန်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လုပ်ငန်းရှင် (၉၈၀) ဦးကို ထပ်မံမွေးထုတ်ပေးနိုင်ခဲ့ပြီး ယနေ့အထိဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်း ရှင်စုစုပေါင်း (၂၆၄၂) ဦးထိ ရှိလာပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အဆိုပါဝင်ငွေတိုးစီမံကိန်းကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းဆင်းများ အနေဖြင့် မိမိတို့၏ လုပ်ငန်းများ ရေရှည်အောင်မြင်ရေး၊ စဉ်ဆက်မပြတ် မိသားစုဝင်ငွေတိုးပွားရေး အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်ချုပ်နည်းပညာသင်တန်းမှ သင်တန်းဆင်း (၁၀) ဦး အတွက် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က မော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်း (၅) ဦးအတွက် ဘတ္ထရီအားသွင်းကိရိယာ၊ ဖိအားမြင့် ရေဖြန်းစက်၊ လက်သုံးကိရိယာအစုံ၊ T-Spanner အစုံ၊ သံလိုက်တုံးဖြုတ်ကိရိယာနှင့် ၄" ကျောက်စက်များကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း (၅) ဦးအတွက် စတီးကန်၊ Liquid Soap Mixer နှင့် Balance ကိုလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း (၅) ဦးအတွက် Electric Dryer နှင့် ခြေနင်း အိတ်ပိတ်စက်များကိုလည်းကောင်း ပေးအပ်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းများကိုယ်စား သင်တန်းဆင်း (၁) ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူငန်းထူထောင်မည့် သင်တန်းဆင်းများကို တွေ့ဆုံ နှုတ်ဆက် အားပေးစကား ပြောကြားကာ ဌာနမှပေးအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ သင်တန်းမှ ထွက်ရှိသော ကုန်ချောပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၃၃၃၉ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
