ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဆွာချောင်းတံတား ရေတိုက်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဆင်သေချောင်း ရေကြီးရေလျှံမှု လျော့ပါးရေးလုပ်ငန်း၊ ဥယျာဉ်တံတား အဝင်ရေလမ်းပိုင်းနှင့် သိုက်ချောင်းတံတား ရေလမ်းပိုင်းသောင်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဆွာချောင်းတံတား ရေတိုက်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဆင်သေချောင်း ရေကြီးရေလျှံမှု လျော့ပါးရေးလုပ်ငန်း၊ ဥယျာဉ်တံတား အဝင်ရေလမ်းပိုင်းနှင့် သိုက်ချောင်းတံတား ရေလမ်းပိုင်းသောင်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 21, 2025
နေပြည်တော် ဒီဇင်ဘာ ၂၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး (အမြန်လမ်း) ဆွာချောင်းတံတားရေတိုက်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ နေပြည်တော်ကောင်စီနယ်မြေ ဆင်သေချောင်းရေကြီးရေလျှံမှုလျော့ပါးရေးလုပ်ငန်း၊ ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းနှင့် သိုက်ချောင်းတံတားရေလမ်းပိုင်း သောင်တူးဖော်ခြင်း၊ အထောက်အကူပြုရေလွှဲရေကာများ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆွာချောင်းတံတား စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် Steel Basket ရေကာများနှင့် တံတားရေလယ်တိုင်များ အနေအထားအရ ရေလမ်းကြောင်းကောင်းမွန်စေရန်နှင့် ရေရှည်တွင် ချောင်းစီးဆင်းမှုမှန်ကန်စေရေး တိုင်းတာစစ်ဆေးမှုများ ပူးပေါင်းဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆွာချောင်းတံတားသည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း တောင်တရုတ်ပင်လယ်ပြင်မှ ဝင်ရောက်ခဲ့သော မုန်တိုင်းမိုးများကြောင့် တံတား၏ ရန်ကုန်ဘက်ခြမ်းကမ်းကပ်ခုံရေတိုက်စားပျက်စီးခဲ့ရပြီး နိုင်ငံတော်ယာယီသမ္မတ၏ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးခရီးစဉ်တွင် “ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးရှိ ဆွာချောင်းတံတားသို့ ရေစီးကြောင်းမှန်ကန်စွာ စီးဆင်းစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ခြင်းအပေါ် ဆွာချောင်းရေတိုက်စားမှုကာကွယ်ရန်နှင့် တံတားအဝင်ရေလမ်းကောင်းမွန်စေရန်တို့အတွက် Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အလျား ပေ ၁၃၅၀ ၊ Steel Basket ရေကာအလျား ပေ ၉၀၀ နှင့် သုံးတန်းသွား မျောတိုင်တန်းရေကာ အလျား ပေ ၁၅၀ ၆ ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၄ ခုနှစ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းတစ်လျှောက်ရှိ ပတ်ဝန်းကျင်ကျေးရွာများနှင့် လမ်းတံတားများ ထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတ၏ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်ကောင်စီအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည့်ခရီးစဉ် လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဥယျာဉ်တံတားအဝင်ရေလမ်းနှင့် ရေထိန်းရေကာများ တည်ဆောက်ရေးလုပ်ငန်းနေရာသို့ ရောက်ရှိစစ်ဆေးသည်။
ဥယျာဉ်တံတား ရေလမ်းကြောင်းပြုပြင်ရေးစီမံကိန်းသည် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဆင်သေချောင်းအား ဖြတ်သန်းတည်ဆောက်ထားသော တံတားဖြစ်ပြီး ရာဂီမုန်တိုင်းဒဏ်ကြောင့် ကမ်းပြိုကမ်းစားဖြစ်ပေါ်မှုများကြောင့် တံတားပျက်စီးမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ဆင်သေချောင်းရေစီးရေလာ ကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုလျော့ပါးရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဥယျာဉ်တံတားအဝင်ရေလမ်းနှင့် သိုက်ချောင်းတံတား ရေလမ်းကောင်းမွန်ရေးအစီအမံများကို ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်။
ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းတွင် အလျား မီတာ ၃၀၀၀ ၊ သိုက်ချောင်းတံတားရေလမ်းတွင် အလျား မီတာ ၃၂၅၀ ရှိ သောင်တူးဖော်ခြင်းလုပ်ငန်း များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် စတင်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းပြီးစီးမှုမှာ ၂၈ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အထောက်အကူပြု Steel Basket ရေလွှဲရေကာများ တည်ဆောက်ခြင်း အလျား ပေ ၈၅၀၅ ခု နှင့် Steel Basket မြေထိန်းနံရံအလျား ပေ ၁၅၀၅ ခု တို့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက် မှ စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းပြီးစီးမှုမှာ ၆၇ ရာခိုင်နှုန်းရှိပြီဖြစ်သည်။
ထိုသို့ကြည့်ရှုစဉ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများ အရည်အသွေးပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဆင်သေချောင်းရေစီးရေလာကောင်းမွန်ရေးအတွက် ရေရှည်ဆောင်ရွက်သင့် သောလုပ်ငန်းများ၊ ဥယျာဉ်တံတားနှင့် သိုက်ချောင်းတံတားတို့ ရေရှည်တည်တံ့စေရေးဌာနမှ စစ်ဆေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဆင်သေချောင်း၏ သဲနုန်းကျဆင်းမှုအား ရေရှည်တွင် ထိန်းသိမ်းရမည့်လုပ်ငန်းများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၈၆ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
