ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြခန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြား
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြခန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြား
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / January 10, 2026
ရန်ကုန်၊ ဇန်နဝါရီ ၉
၁၇၅၅ ခုနှစ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဒဂုံကို သိမ်းပိုက်ပြီး ရန်အပေါင်းကုန်စင်သော ရန်ကုန်ဟု ခေါ်ဝေါ်သမုတ်ခဲ့သည့် အချိန်မှစ၍ တံငါရွာလေးအဖြစ်မှ မြန်မာနိုင်ငံ၏ အဓိက နိုင်ငံတကာကုန်သွယ်မှု ဆိပ်ကမ်းမြို့အဖြစ်သို့ ပြောင်းလဲခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းနှင့်အတူ ခေတ်အဆက်ဆက် ဖြတ်သန်းကာ ဖြစ်ပေါ်တိုးတက်လာခဲ့သော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများကို ထိန်းသိမ်းပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြခန်းကို ယနေ့နံနက်ပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်၌ ဖွင့်လှစ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ဌာနအကြီးအမှူးများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။
အခမ်အနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ရန်ကုန်မြို့စတင်တည်ဆောက်ခြင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့ပြီး သမိုင်းကြောင်းရှည်လျားသည့် ဌာနကြီးတစ်ခုဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ နိုင်ငံတော်နှင့်ပြည်သူဘက်မှ ရပ်တည်ပြီး ဆိပ်ကမ်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ကြောင်း၊ ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းပုံရိပ်များကို စာပေမှတ်တမ်းအဖြစ်မှ ပြခန်းအဖြစ် စုစည်းတင်ပြနိုင်ရန် ယနေ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ပြခန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်၊ လာရောက်ကြည့်ရှု့လေ့လာ သူများအနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဖြစ်ပေါ်တိုးတက်မှု သမိုင်းကြောင်းတစ်ခုလုံးကို တခဏအတွင်း သိမြင်လေ့လာခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ သမိုင်းရှိသော်လည်း သမိုင်းတွင်အောင် သမိုင်းမတင်နိုင်လျှင် သမိုင်းသည် တန်ဖိုးမဲ့တတ်ကြောင်း၊ သမိုင်းသည် ပကတိအရှိတရားဖြစ်ပြီး စီးပွားရေးသည် တွေးတောယူဆချက်ဟု ပညာရှိများက အဆိုအမိန့်ပြုခဲ့ကြောင်း၊ သမိုင်းကို လေ့လာခြင်းဖြင့် အနာဂတ်ခရီးအတွက် သဘောထားအမြင်များကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ပြခန်းသည် နောင်မျိုးဆက်သစ်များအတွက် ကောင်းမြတ်သည့် အမွေအနှစ်များ လက်ဆင့်ကမ်းပေးစွမ်းနိုင်မည်ဖြစ်သည့်အတွက် ပြခန်းဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ အခြားဌာနများအနေဖြင့်လည်း ဌာနအလိုက် အစဉ်လာကောင်းများကို အားပေးဖော်ဆောင်ပေးခြင်းဖြင့် မိမိတို့ဌာနများ၏ ကောင်းရာကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ပြခန်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးက စက်ခလုတ်နှိပ်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြခန်းဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးကာ ပြခန်းဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်ကြီးများအား ပြခန်းအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံပြသရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ဆူးလေဆိပ်ကမ်းတံတားတွင် Weight Bridge တပ်ဆင်၍ လုပ်ငန်းဆောင်ရွက်ခြင်း၊ ဆိပ်ကမ်းတံတား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေယာဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ဒေသ၊ တွံတေးတူးမြောင်းတစ်လျှောက်ရှိ ဆိပ်ခံတံတားများ၊ ရေယာဉ်များ ဝင်ထွက်သွားလာနေမှုအခြေအနေများ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် တွံတေးတူးမြောင်းဖွံ့ဖြိုးရေးစီမံကိန်းနေရာနှင့် တွံတေးတူးမြောင်း ၃.၅ မိုင်၊ လက်ပံကုန်းအကောက်စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လက်ပံကုန်းအကောက်စခန်းတွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် လက်ပံကုန်းအကောက်စခန်းမှ လျာထားချက် ပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်၊ ဝန်ထမ်းအိမ်ယာများပြင်ဆင်ရန်၊ သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ရန်နှင့် ကိုးရီးယားနိုင်ငံချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
သတင်းစာများ - ၃၄၀၇ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
