ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများ၊ နိုင်ငံသားကတ်ပြား ပျောက်ဆုံး/ ပျက်စီး၊ မိတ္တူလျှောက်ထားသူများအား One Stop Service ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 26, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ရှိ စွယ်တော်ဘုရားသို့ သွာရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဘုရားပရိဝုဏ်အတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝါးခယ်မမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျုံမငေးမြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိ သေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံး၊ လဲလှယ်၊ မိတ္တူလျှောက်ထားသူများအား တစ်နေရာတည်းတွင် One Stop Service ဖြင့် ကွင်းဆင်းကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ဆောင်ရွက်ပေးနေ မှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် အဆိုပါရပ်ကွက်/ ကျေးရွာများနှင့် မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြသည့် ဘုရားပွဲဈေးသည်များအနက် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိပြီး Unique ID နံပါတ်ဆောင်ရွက်ရခြင်းမရှိသေးသူများအား e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်ပါ ကတ်ပြားတို့ကို သက်ဆိုင်ရာ ကာယကံရှင်များထံ ပေးအပ်ကာ မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို မြို့နယ်ဦးစီးမှူးထံ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနမဟာနာယက ဆရာတော်ဘဒ္ဒန္တပညာဇောတအား သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၅၃ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download