ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များတက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 15, 2026
image_latest


နေပြည်တော် မတ် ၁၄

ဖိလစ်ပိုင်နိုင်ငံတာဂွစ်မြို့၌ မတ် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (Thirty-Second ASEAN Economic Ministers’Retreat - 32nd AEM Retreat) နှင့်ဆက်စပ်အစီအစဉ်များသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

(၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးပထမပိုင်းတွင် အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN Business Advisory Council - ASEAN-BAC)က ၂၀၂၆ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက် မည့်စီမံကိန်းများနှင့် လုပ်ငန်းစဉ်များတင်ပြခြင်း၊ အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia – ERIA) က အာဆီယံ၏ စီးပွားရေးခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးမည့် စက်မှုဆိုင်ရာ မူဝါဒမူဘောင်ရေးဆွဲပေးမည့်ကိစ္စအား အဆိုပြုတင်ပြခြင်း၊ အာဆီယံနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank- ADB) တို့အကြား မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ရန် အဆိုပြု အစီအစဉ်များအပေါ် စီးပွားရေးဝန်ကြီးများက ပုဂ္ဂလိကအခန်းကဏ္ဍ ခိုင်မာအားကောင်းစေရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုချက်ဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအား အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည်။

ထို့နောက် အစည်းအဝေးဒုတိယပိုင်း ဆက်လက်ကျင်းပရာ စီးပွားရေးဝန်ကြီးများက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသုံးသပ်ချက်များ၊ အာဆီယံအဆင့်မြင့်အစည်းအဝေးတို့မှ ထွက်ပေါ်လာသည့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အာဆီယံပထဝီစီးပွားရေး လုပ်ငန်းအဖွဲ့ (ASEAN Geoeconomic Task Force - AGTF) နှင့် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့် မြင့်လုပ်ငန်းအဖွဲ့ (High-Level Task Force on ASEAN Economic Integration - HLTF-EI) တို့မှတင်ပြသည့် အကြံပြုချက်များ၊ ရေရှည်တည်တံ့မှု (Sustainability) ဆိုင်ရာ ကနဦးလုပ်ငန်းစဉ်များနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် စီးပွားရေးဝန်ကြီးများ က ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံက ဆောင်ရွက်မည့် ဦးစားပေးစီးပွားရေး လုပ်ငန်းစဉ်များအနက် အာဆီယံစီးပွား ရေးဝန်ကြီးများ ကြီးကြပ်မှုအောက်ရှိ သဘောတရားစာတမ်း (Concept Paper) များကို အတည်ပြုခဲ့ကြသည်။

ထို့အပြင် စီးပွားရေးဝန်ကြီးများက အာဆီယံဒီဂျစ်တယ် စီးပွားရေးမူဘောင် သဘောတူစာချုပ် (ASEAN Digital Economy Framework Agreement - DEFA) ကို ၂၀၂၆ ခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့် လမ်းညွှန်ချက်များပေးခဲ့ပြီး အာဆီယံ ပြင်ပမိတ်ဖက်နိုင်ငံများဖြစ်သည့် ကနေဒါ၊ ကိုရီးယား၊ အိန္ဒိယတို့နှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအခြေအနေများ၊ အီးယူ၊ အာရပ်ပင်လယ်ကွေ့နိုင်ငံများ၊ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က လက်ရှိကာလတွင် ပထဝီနိုင်ငံရေး နှင့် ပထဝီစီးပွားရေးဆိုင်ရာ မသေချာမှုများ မြင့်တက်နေသည့်အတွက် စီးပွားရေးလုံခြုံမှုသည် အရေးကြီးကြောင်း၊ ဒေသ တွင်း တန်ဖိုးကွင်းဆက်ကြံ့ကြံ့ခံနိုင်ရေး၊ စီးပွားရေးတိုးတက်မှု တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် စီးပွားရေးလုံခြုံမှုသည် မရှိ မဖြစ်လိုအပ်ကြောင်း၊ လက်ရှိဖြစ်ပွား နေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒေသတွင်းစွမ်းအင်လုံခြုံမှုအပေါ် စိန်ခေါ်မှုဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများ အကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်‌ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အပြင် စွမ်းအင်နှင့် သယ်ယူပို့ဆောင်မှုစရိတ် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ပြတ်တောက်မှု၊ စားရေရိက္ခာ လုံခြုံမှုအတွက်လည်း ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီးပွား ရေးအပေါ် ရိုက်ခတ်လျက်ရှိသည့် လက်ရှိ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အာဆီယံ၏ အချက်အချာကျမှုကို ဗဟိုပြု၍ မည်သည့်အဖွဲ့ဝင်နိုင်ငံမှ နောက်ကျကျန်ရစ်နေမှုမရှိစေဘဲ ဒေသတွင်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှုအားကောင်းစေရေးကို တွန်းအားပေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းခိုင်မာစေ ရန်လည်းလိုအပ်ကြောင်း အလေးထား ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များ (Priority Economic Deliverables- PEDs) အချိန် မီအကောင်အထည်ဖော်ပြီးစီးရေးအတွက် အခြားအာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံအပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှုဒေသများ ညှိနှိုင်းရာတွင် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့်ရလဒ်များ ထွက်ပေါ်လာစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

(၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကာလအတွင်း မကြာမီကဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို တုံ့ပြန်ရန် အာဆီယံစီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်း ခိုင်မာစေရေးဆိုင်ရာ အာဆီယံစီးပွားရေးဝန်ကြီးများ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်နေစဉ် ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအစိမ်းရောင်စီးပွားရေး ကူးပြောင်းမှုနှင့်စပ်လျဉ်းပြီး ကမ္ဘာ့ဖွံ့ဖြိုး ရေးဘဏ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ပူးတွဲအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်ရောက်ပြီး မနီလာမြို့ရှိ ဖိလစ်ပိုင်နိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ထုတ်ကုန်များကို ခင်းကျင်းပြသသည့် Likhang Filipino ပြခန်းသို့ သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား စီးပွားဆက်သွယ်မှု မြှင့်တင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး အာဆီယံစီးပွားရေးဝန်ကြီးများအား တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

(၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးဖြစ်သူ H.E. Ma Christina A. Roque က အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၇၀ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download