ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မော်လမြိုင်မြို့ရှိ ရွှေမြိုင်သမဝါယမအသင်း၏ တန် (၉၀) ဆန်စက်အား ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 20, 2026
image_latest


နေပြည်တော် မတ် ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း တက်ရောက်နေကြသော မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ အမှုထမ်းများ၊ ကရင်ပြည်နယ် သမဝါယမဦးစီးဌာနမှ အမှုထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် သုံးထပ်စာသင်ဆောင်သစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ကြီးဌာန အောက်ဦးစီးဌာန လေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာများမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အောင်သဇင် သမဝါယမအသင်းနှင့် မွန်ပြည်နယ် သမဝါယမအသင်းစုချုပ်တို့  ပူးပေါင်းဆောင်ရွက်သည့် ရွှေမြိုင်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်၏ တန် (၉၀) ကျ ဆန်စက်နှင့် တန် ၁၂၀ စပါးအခြောက်ခံစက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ အသင်းစုချုပ်ဥက္ကဋ္ဌနှင့် စက်ရုံတာဝန်ခံတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အရင်းအနှီးရရှိရေး၊ အထွက်တိုးမျိုးနှင့် သွင်းအားစုရရှိရေးအတွက် စီမံကိန်းများလည်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများမှ ထွက်ရှိလာသောစပါးများကို သမဝါယမအသင်းပိုင် ဆန်စက်ဖြင့် ဝယ်ယူကြိတ်ခွဲ၍ ပြန်လည်ရောင်းချခြင်းဖြင့် အသင်းသားတောင်သူများ ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်၍ အသင်းအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၇၅ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download