ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်တို့အား ဖူးမြော်ကြည်ညို
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်တို့အား ဖူးမြော်ကြည်ညို
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 20, 2026
ရန်ကုန် ဧပြီ ၁၉
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများလျှောက်ထားကာ ဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်ရှိ နှစ်ပေါင်း ၁၁၁ နှစ် သက်တမ်းရှိသော မဟာသိမ်တော်ကြီးသို့ရောက်ရှိပြီး အဆိုပါမဟာသိမ်တော်ကြီး ပြန်လည်ပြုပြင်တည်ဆောက် ရေးအခြေအနေများကို အသေးစိတ်ကြည့်ရှုစစ်ဆေးကာ မဟာသိမ်တော်ကြီး ပြုပြင်တည်ဆောက်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နှစ်(၇၀)ပြည့် အထိမ်းအမှတ် ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ရေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီး သုံးလနှင့် လေးရက်အကြာ (ဘီစီ ၅၄၃) မှစ၍ ရာဇဂြိုဟ်ပြည်၊ ဝေသာလီပြည်၊ ပါဋလိပုတ်ပြည်နှင့် သီရိလင်္ကာနိုင်ငံတို့တွင် စတုတ္ထအကြိမ်အထိ သင်္ဂါယနာတင်တော်မူခဲ့ကြပြီး ပိဋကတ်တော်များကို ပိုမိုထိန်းသိမ်း စောင့်ရှောက်နိုင်စေရန်အတွက် မြန်မာနိုင်ငံ မန္တလေးမြို့၌ ပဉ္စမသင်္ဂါယနာကိုလည်းကောင်း၊ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဆဋ္ဌသင်္ဂါယနာကိုလည်းကောင်း တင်တော်မူခဲ့ကြရာ ယခုလာမည့် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည်မှာ နှစ် (၇၀) ပြည့်မြောက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မဟာမင်္ဂလာအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို အသေးစိတ်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် လိုအပ်ချက်များကို မှာကြားသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားတွင် ထည့်သွင်းကျင်းပမည့် ကျောက်စာတိုင်တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး အထိမ်းအမှတ်ကျောက်စာတိုင်အား သတ်မှတ်ရက်အတွင်းပြီးစီးနိုင်ရေးအတွက် အသေးစိတ်မှာကြားသည်။
ယင်းနောက် အထိမ်းအမှတ်ပြခန်းတည်ဆောက်ရေး လုပ်ငန်းခွင်ဖြစ်သော မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအတွင်းပတ်လမ်းသို့ရောက်ရှိပြီး ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ အဆင့်ဆင့်သင်္ဂါယနာတင်ခဲ့သည့် ပြခန်းများ၊ ပြကွက်များနှင့် မျက်မှောက်ကာလတွင် သာသနာတော်တိုးတက်ထွန်းကား ပြန့်ပွားရေးအတွက် နိုင်ငံတော်အစိုးရ၏ သာသနာပြုလုပ်ငန်း ဆောင်ရွက်ချက် ပြကွက်များအား အသေးစိတ် လိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၀၁ ခု
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
